ဇီလန်စကီး သည် လာမည့်သောကြာနေ့ အမေရိကန်သို့ လာရောက်နိုင်သည်ဟု ဒေါ်နယ်ထရမ့် ပြောကြား

News Image

  • ဇီလန်စကီး သည် လာမည့်သောကြာနေ့ အမေရိကန်သို့  လာရောက်နိုင်သည်ဟု ဒေါ်နယ်ထရမ့် ပြောကြား

ယူကရိန်းသမ္မတ ဇီလန်စကီးသည် လာမည့် ဖေဖော်ဝါရီ ၂၈ ရက် (သောကြာနေ့)တွင် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်ရှိ သမ္မတအိမ်ဖြူတော်သို့ လာရောက်နိုင်သည်ဟု သိရပါကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါသည်။

သောကြာနေ့တွင် ယူကရိန်းသမ္မတက အမေရိကန်သို့ လာရောက်မည် ဟု မိမိကြားသိရကြောင်း၊ ၎င်း၏ ခရီးစဉ်မှာ မိမိအတွက် အဆင်ပြေပါကြောင်း၊ အမေရိကန်နှင့် ယူကရိန်းအကြား မြေရှားသတ္တု သုံးစွဲမှုဆိုင်ရာ စီးပွားရေးစာချုပ် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ထပ်မံပြောကြားထားပါသည်။

အမေရိကန်က ယူကရိန်းရှိ မြေရှားသတ္တုသယံဇာတများကို ဝင်ရောက် တူးဖော်အသုံးပြုခွင့်ကိစ္စနှင့် ယူကရိန်းက မိမိနိုင်ငံအနာဂတ် လုံခြုံရေးအာမခံချက်နှင့် ဆက်စပ်သော အရေးကြီးသည့်ကိစ္စတို့ကို ဆွေးနွေးရန် မျှော်လင့်ရပါသည်။ 

ကိုးကား- The Guardian

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃