အပစ်အခတ်ရပ်စဲမှု အာမခံချက်ရှိရန် ဥရောပတပ်ဖွဲ့များ ချထားရေးအတွက် အဆင်သင့်ဖြစ်နေပြီဟု ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ပြောကြား
ရုရှားနှင့်ယူကရိန်းအကြား အပစ်အခတ်ရပ်စဲရေးကို အာမခံရန်အတွက် ဥရောပနိုင်ငံများမှ တပ်ဖွဲ့များကို ယူကရိန်းသို့ ပို့ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ သို့ရာတွင် အမေရိကန်၏ ထောက်ခံမှုလိုအပ်မည် ဖြစ်ကြောင်း ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး Eric Lombard က Bloomberg TV နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားလိုက်ပါသည်။
“မိမိတို့အနေဖြင့် နည်းပညာဆိုင်ရာ ဆွေးနွေးမှုကို စတင်နေပြီဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးကို အာမခံရန်အတွက် ယူကရိန်းမှာ ဥရောပတပ်ဖွဲ့များရှိရန် လိုအပ်မည်ဆိုသည်မှာ မိမိတို့၏ အထွေထွေ သဘောတူညီချက် ဖြစ်ပါကြောင်း၊ ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်တို့နှင့်အတူ အခြား ဥရောပအဖွဲ့ဝင်နိုင်ငံများလည်း ပါဝင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း” ၎င်းက ဖြေကြားထားပါသည်။
ကိုးကား- TASS
Photo: www.sb.by
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category