ယူကရိန်း၏ နေတိုးအိပ်မက် စွန့်လွှတ်ရန် ထရမ့်ပြော
ယူကရိန်-ရုရှား စစ်ပွဲဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းသည် ယူကရိန်းအနေဖြင့် မြောက်အတ္တလန် တစ်စာချုပ်အဖွဲ့ NATO သို့ဝင်ရန် လုပ်ဆောင်ခဲ့သည့် အတွက်ကြောင့်ဖြစ်ပြီး စစ်ပွဲကိုရပ်တန့်ရန်အတွက် တစ်ခုတည်းသော လုပ်ဆောင်ရမည့်အချက်သည် ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့သို့ဝင်မည်ဆိုသည့် အိပ်မက်ကို ဆက်မမက်ရန် လိုအပ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
ယူကရိန်း နေတိုးအဖွဲ့သို့ဝင်လိုက်ခြင်းသည် ရုရှား၏ အနောက်တံခါး ခြိမ်းခြောက်မှု ကြီးမားစွာ ဖြစ်လာနိုင်ခြင်းဖြစ်၍ အမေရိကန် ဦးဆောင်သည့် နေတိုးအဖွဲ့သို့ ယူကရိန်းဝင်ရောက်မည့်အရေးကို ရုရှားက အစဉ်တစိုက် ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ ထရမ့်က ယခင်သမ္မတ ဘိုင်ဒန်၏ ထောက်ခံလုပ်ဆောင်ခဲ့မှုများကို အမြဲအပြစ်တင်ခဲ့ပြီး လက်ရှိ ၎င်း၏လက်ထက်တွင် မည်သည့်အခါမျှ အဖြစ်ခံမည် မဟုတ်ဟုလည်းဆိုသည်။ လွန်ခဲ့သော သီတင်းပတ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကြာရှည်စွာ ဖုန်းပြောဆိုပြီးနောက် ထရမ့်က ဖေဖော်ဝါရီ ၂၆ ရက်နေ့ အိမ်ဖြူတော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါ ကိစ္စရပ်ကို ထပ်လောင်းပြောကြားခဲ့ပါသည်။
ကိုးကား-Myanmar National Post