ထရမ့်နှင့် ဇီလန်စကီးတို့ကြား အပြင်းအထန် ငြင်းခုံမှုပြီးနောက် ယူကရိန်းသို့ လက်ရှိပေးပို့နေသည့် စစ်ရေးအကူအညီအားလုံးကို ရပ်ဆိုင်းရန် ထရမ့်၏ အစိုးရအဖွဲ့က အလားအလာကို စဉ်းစားနေ
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ယူကရိန်းသမ္မတ ဇီလန်စကီးတို့ကြား ဖြစ်ပွားခဲ့သော အပြင်းအထန် ငြင်းခုံမှု ပြီးနောက် ယူကရိန်းသို့ လက်ရှိ ပေးပို့နေသည့် စစ်ရေးအကူအညီအားလုံးကို ရပ်ဆိုင်းရန် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့က အလားအလာကို စဉ်းစားနေ ပါသည်။
CBS သတင်းဌာန၏ အဆင့်မြင့်အရင်းအမြစ်များကို ကိုးကားသည့် သတင်းအရ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် အိမ်ဖြူတော်တွင် ဇီလန်စကီးနှင့် ဖြစ်ပွားခဲ့သော အပြင်းအထန် ငြင်းခုံမှု အပြီး ယူကရိန်းတွင် စစ်ပြေငြိမ်းရေး ရရှိရန် အာမခံနိုင်မှုမရှိဟု သံသယ ရှိနေကြသည်။ အလားတူသတင်းတွင် ယူကရိန်းအရာရှိများသည် စိတ်ပျက်လက်ပျက်ဖြင့် အိမ်ဖြူတော်ထံမှ သဘောတူညီချက် ဆွေးနွေးမှု ကို ပြန်လည်စတင်ရန် တောင်းဆိုနေသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇီလန်စကီးနှင့် ဆက်သွယ်ပြောဆိုရန် ငြင်းဆန် နေကြောင်း ဖော်ပြထားပါသည်။
ကိုးကား - CBS