ရုရှားဖက်ဒရေးရှင်းနှင့် ကျူးဘားနိုင်ငံတို့သည် တစ်ဖက်သတ် အတင်း အကျပ် အရေးယူဆောင်ရွက်မှုများကို ဆန့်ကျင်သည့် ကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုး
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဖ်နှင့် ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂက်စ်ပါရီလျာတို့သည် BRICS နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် တစ်ဖက်သတ် အတင်းအကျပ် အရေးယူဆောင်ရွက်မှုများ၏ ဆိုးကျိုးများကို ကာကွယ်ရန်၊ လျှော့ချရန်နှင့် လျော်ကြေးပေးရန် နည်းလမ်းများဆိုင်ရာ ပူးတွဲကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့ပါသည်။
အဆိုပါတွေ့ဆုံမှုအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဖ်က ကျူးဘားနိုင်ငံသည် BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် အဖွဲ့အစည်း၏ လုပ်ငန်းများတွင် “တက်ကြွပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍ” မှ ပါဝင်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
ကျူးဘားနိုင်ငံခြားရေးဝန်ကြီးက ရုရှား၏ထောက်ခံမှုအတွက် ကျေးဇူးတင်ကြောင်းဖော်ပြရင်း “မိမိတို့နိုင်ငံနှစ်ခုတွင် စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် သိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ကောင်းမွန် သော နှစ်နိုင်ငံဆက်ဆံရေးရှိသည်” ဟု ပြောကြားခဲ့ပါသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဖ်နှင့် ကျူးဘားနိုင်ငံခြားရေးဝန်ကြီးတို့သည် “ရိုးရာယုံကြည်မှုနှင့် ထောက်ခံမှုပြည့်ဝသော စိတ်ဓာတ်ဖြင့် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ပြုမှုဆိုင်ရာ အရေးပါသော အကြောင်းအရာများကို ထင်ဟပ်စွာ ဆွေးနွေးခဲ့ကြောင်း” ထုတ်ပြန်ခဲ့သည်။ ထို့အပြင် “မော်စကိုနှင့် ဟာဗားနား တို့အကြား နိုင်ငံရေးအရ ပြင်းထန်သော ဆက်သွယ်မှု အရှိန်အဟုန်ကို ထိန်းသိမ်းရန်နှင့် ကုန်သွယ်ရေးစီးပွားရေးအပါအဝင် အဓိကနယ်ပယ် များတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် နှစ်ဖက်စလုံး၏ စိတ်အားထက်သန်မှုကို အလေးပေး ဖော်ပြခဲ့သည်” ဟု ဆိုပါသည်။
အဆိုပါအစည်းအဝေးတွင် နှစ်ဖက်စလုံးသည် ကုလသမဂ္ဂ၊ EAEU၊ BRICS နှင့် အခြားဘက်စုံပူးပေါင်းဆောင်ရွက်မှုများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ တစ်ဖက်သတ် တရားမဝင်သော အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းကို လုံးဝလက်မခံနိုင်ကြောင်း နှစ်နိုင်ငံ၏တစ်သားတည်းသော သဘောထားကို ထပ်လောင်းဖော်ပြခဲ့သည်။
ရုရှားနှင့် ကျူးဘားနိုင်ငံခြားရေးဝန်ကြီးများသည် အမေရိကန်မှ ကျူးဘားကျွန်းအပေါ် ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ငွေကြေးပိတ်ဆို့မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် ကျူးဘားကို အမေရိကန်၏ “အကြမ်းဖက်မှုကို အားပေးသော နိုင်ငံများ” စာရင်းမှ ဖယ်ရှားရန် လိုအပ်မှုနှင့်စပ်လျဉ်း၍ ပူးတွဲထုတ်ပြန်ချက်ကို ကိုလည်း အတည်ပြုခဲ့ကြသည်။
ကိုးကား- Tass
Photo: mid.ru