ဇီလန်းစကီးက ဒေါ်နယ်ထရမ့်နှင့် ပြင်းထန်သည့် ဆွေးနွေးပွဲ ဖြစ်ခဲ့သော်လည်း ၎င်းတို့နှစ်ဦးအကြား ဆက်ဆံရေး ပြန်လည်ပြေလည်နိုင်ကြောင်း ပြောကြား
ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပြင်းထန်သည့် ဆွေးနွေးပွဲ ဖြစ်ခဲ့သော်လည်း ၎င်းတို့နှစ်ဦးအကြား ဆက်ဆံရေး ပြန်လည်ပြေလည်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။
ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက မတ်လ ၁ ရက်(စနေနေ့)က အိမ်ဖြူတော်တွင် ခေါင်းဆောင်နှစ်ဦးကြား ထိပ်တိုက်တွေ့ဆုံမှုအပြီးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ယူကရိန်းအား ပိုမိုထောက်ခံစေလိုကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
ဗလာဒီမာ ဇီလန်စကီးသည် ထရမ့်နှင့် "ပြင်းထန်သောဆွေးနွေးမှု" ပြီးနောက် “အမေရိကန်သည် ယူကရိန်းတို့ဘက်တွင် ပိုမိုခိုင်မာစွာရပ်တည်စေလိုသည်" ဟု ပြောကြားခဲ့သည်။
ယူကရိန်းသည် အမေရိကန်က အဆိုပြုထားသည့် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ် ရေးထိုးရန် အဆင်သင့်ဖြစ်နေသော်လည်း ဝါရှင်တန်ထံမှ လုံခြုံရေးအာမခံချက် လိုအပ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ကိုးကား- BBC News
သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်- https://www.bbc.com/news/live/cn5220x56pqt