Trump က မတ်လ ၄ ရက်တွင် တရုတ်နိုင်ငံအပေါ် နောက်ထပ် အကောက်ခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်မည်
အမေရိကန်သမ္မတ Donald Trump က Fentanyl တရားမဝင် ကူးသန်းမှုများကို တိုက်ဖျက်ရန် ပိုမိုအားစိုက်မလုပ်ဆောင်ပါက လာမည့် သီတင်းပတ်မှစတင်၍ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် နောက်ထပ် ၁၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်မည်ဟု ပြောဆိုခဲ့ပါသည်။
သမ္မတ Trump က “အဆိုပါ မူးယစ်ဆေးဝါးများ အမေရိကန် ပြည်ထောင်စုသို့ ဝင်ရောက်ခြင်းအား ပေကျင်းက ခွင့်မပြုသင့်သကဲ့သို့ ဝါရှင်တန်ကလည်း ခွင့်ပြုမည်မဟုတ်” ဟု အိမ်ဖြူတော်၌ သတင်းထောက် များကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြောကြားခဲ့ပါသည်။
ထရမ့်၏ တရုတ်အပေါ် အခွန်တိုးမြှင့်စည်းကြပ်မှု အသစ်သည် မတ် ၄ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ယခုလအစောပိုင်း၌ ၎င်းချမှတ်ခဲ့သော နောက်ထပ် ၁၀ ရာခိုင်နှုန်း၏ ထပ်ဆောင်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်နေသော Fentanyl ကို တရုတ် က အမြောက်အမြား ထောက်ပံ့ပေးနေကြောင်း Trump က စွပ်စွဲခဲ့ပြီး ယင်းကိုရပ်တန့်ရန် သို့မဟုတ် ထိရောက်စွာ ကန့်သတ်ရန်လိုသည်ဟု ထရမ့်က ပြောကြားခဲ့ပါသည်။
မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ ကုန်စည်များအပေါ် စည်းကြပ်မှု ၂၅ ရာခိုင်နှုန်းကိုလည်း စီစဉ်ထားသည့်အတိုင်း မတ်လ ၄ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း Trump က ဆိုသည်။
ကုန်သွယ်ဖက်များအားလုံးအပေါ် “အပြန်အလှန်အကောက်ခွန်များ” ကိုလည်း စီစဉ်ထားသည့်အတိုင်း ဧပြီလ ၂ ရက်နေ့၌ စတင်မည်ဖြစ်ကြောင်းလည်း Trump က ပြောကြားခဲ့ပါသည်။
ကိုးကား-NHK World
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂