ရုရှား၏ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ရန်အတွက် နျူကလီးယားလက်နက်ဖြင့် ဟန့်တားရေးဖော်ဆောင်ရန် ပြင်သစ်သမ္မတ မက်ခရွန် မျှော်မှန်း
ပြင်သစ်သမ္မတ Emmanuel Macron က ရုရှား၏နျူကလီးယားခြိမ်းခြောက်မှုကို တုံ့ပြန်ရန်အတွက် ဥရောပတွင် နျူကလီးယားဟန့်တားရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ စတင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
ဂျာမနီ၏ဝန်ကြီးချုပ်အသစ် Friedrich Merz က နျူကလီးယားဟန့်တားရေးအစီအစဉ်ကို စတင်ပြောကြားခဲ့ ပြီးနောက် နျူကလီးယားလက်နက်အရေး ဆွေးနွေးရန် စဉ်းစားလျက်ရှိကြောင်း Macron က နိုင်ငံပိုင်သတင်းစာ Le Monde နှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။
Macron က ဥရောပကို ကာကွယ်နိုင်ရန်အတွက် ၎င်း၏ နျူကလီးယားလက်နက်ကို အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း ယခုသီတင်းပတ်အစောပိုင်းက ထုတ်ပြန်ကြေညာပြီးနောက် ယခုကဲ့သို့ ၎င်း၏ ပြောကြားချက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
မိမိတို့ဥရောပမိတ်ဖက်နိုင်ငံများအနေဖြင့် လွတ်လပ်စွာရပ်တည်နိုင်စွမ်းနှင့် နျူကလီးယားခြိမ်းခြောက်မှုကို ဟန့်တားနိုင်စွမ်းတို့ အားကောင်းလာစေလိုသည့်ဆန္ဒရှိပါက မဟာဗျူဟာကျကျ အသေးစိတ် ဆွေးနွေးမှုကို လုပ်ဆောင်ရလိမ့်မည်ဖြစ်ကြောင်း၊ ထိုသို့ဆွေးနွေးရာတွင် ထိလွယ်ရှလွယ်ပြီး သိုသိုသိပ်သိပ် လုပ်ဆောင်ရမည့်ကိစ္စရပ် များပါဝင်မည် ဖြစ်သော်လည်း မိမိအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် အသင့်ရှိကြောင်း Macron က ပြောကြား ခဲ့ပါသည်။
ကိုးကား- Tagtik.co.uk
ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊နစက-၄