ဓနုဖြူမြို့နယ်၌ မတ်ပဲတစ်ဧကလျှင် ၁၂ တင်းမှ ၁၅ တင်းခန့် ထွက်ရှိ
ဧရာဝတီ မတ် ၄
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၌ သီးနှံမျိုးစုံ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ဆောင်းသီးနှံဖြစ်သည့် မတ်ပဲများကိုလည်း ၂၀၂၄ ခုနှစ်တွင် စိုက်ဧက ၈၉၃၃၄ ဧက စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် ၄၂၈၂၄ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန စာရင်းများအရ သိရသည်။
မတ်ပဲသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် စတင်ထွက်ပေါ်လျက်ရှိကြောင်း၊ မျိုးအနေဖြင့် မတ်ပဲပင်ထောင်မျိုးများကို စိုက်ပျိုးကြပြီး မတ်ပဲမျိုး တစ်တင်းလျှင် ငွေကျပ် ၁၅၀၀၀၀ ဖြင့်ဝယ်ယူ၍ တစ်ဧကလျှင် မျိုးခြောက်ပြည်ခန့် ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မတ်ပဲတစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် ငွေကျပ် ၇၀၀၀၀၀ ကုန်ကျပြီး တစ်ဧကလျှင် ၁၂ တင်းမှ ၁၅တင်း ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဓနုဖြူမြို့နယ်အတွင်းရှိ ပွဲရုံများသို့ ရောင်းချပြီး ပွဲရုံများမှ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချ၍ ထိုမှတစ်ဆင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရသည်။
DOCA(ဧရာဝတီ)
https://www.myanmardigitalnewspaper.com/