Techno Mobile ကုမ္ပဏီက ကမ္ဘာ့အပါးလွှာဆုံးစမတ်ဖုန်းတစ်မျိုး ထုတ်ဖော်ပြသ

News Image

  • Techno Mobile ကုမ္ပဏီက ကမ္ဘာ့အပါးလွှာဆုံးစမတ်ဖုန်းတစ်မျိုး ထုတ်ဖော်ပြသ

မက်ဒရစ်  မတ် ၅

ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်းတစ်မျိုးကို တရုတ်နိုင်ငံအခြေစိုက် Tecno Mobile ကုမ္ပဏီက ထုတ်ဖော်ပြသခဲ့သသည်ဟု မတ် ၄ ရက်သတင်းများတွင် ရေးသားဖော်ပြထားကြောင်း သိရသည်။

Tecno Spark Slim ဟူ၍ အမည်ပေးထားသော အဆိုပါစမတ်ဖုန်းသစ်၏ အထူမှာ ၅ ဒသမ ၇၅ မီလီမီတာ (သုည ဒသမ ၂၂၆ လက်မ) သာရှိသည်။

Tecno Spark Slim စမတ်ဖုန်းသည် ပြိုင်ဘက်တောင်ကိုရီးယားအခြေစိုက် ဆမ်ဆောင်းကုမ္ပဏီ၏ Galaxy Edge စမတ်ဖုန်းထက်ပင် ပို၍ပါးလွှာကြောင်း သိရသည်။

ဆမ်ဆောင်းကုမ္ပဏီ၏ Galaxy Edge စမတ်ဖုန်းမှာ ၅ ဒသမ ၈၄ မီလီမီတာ (သုည ဒသမ ၂၂၉ လက်မ) ထူကြောင်း သိရသည်။

Tecno Mobile ကုမ္ပဏီသည် Tecno Spark Slim စမတ်ဖုန်းကို စပိန်နိုင်ငံ ဘာစီလိုနာမြို့တော်၌ မတ် ၃ ရက်မှ ၆ ရက်ထိ ကျင်းပမည့် Mobile World Congress (MWC) ပြပွဲ၌ ပြသလျက်ရှိသည်။

Tecno Spark Slim စမတ်ဖုန်းသည် မျက်နှာပြင်အကျယ် ၆ ဒသမ ၇၈ လက်မထိရှိပြီး ၅၂၀၀ mAh ဘက်ထရီကို အသုံးပြုထားကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ