တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားအောက်တွင် အမေရိကန်၏ နောက်ဆုံးစည်းကြပ်ခွန် တိုးမြှင့် ကောက်ခံမှုအစီအမံကို တရားစွဲဆိုပြီးဖြစ်
ပေကျင်း၊ မတ် ၄ ရက်
အမေရိကန် အရှေ့ပိုင်း ဒေသစံတော်ချိန် မတ် ၃ ရက်တွင် အမေရိကန်က မူလက ၁၀ ရာခိုင်နှုန်း စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံသည့် အခြေခံပေါ်တွင် တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့် ကောက်ခံသွားမည်ဟု ကြေညာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားအောက်တွင် အမေရိကန်၏ နောက်ဆုံး စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှု အစီ အမံကို တရားစွဲဆိုပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က မတ် ၄ ရက်တွင်ပြောကြားခဲ့သည်။
အမေရိကန်၏ တစ်ဖက်သတ် စည်းကြပ်ခွန် ကောက်ခံသည့် အစီအမံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းကိုဆိုးရွားစွာ ချိုးဖောက်နေပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အခြေခံကို ဖျက်ဆီးလျက်ရှိသဖြင့် တရုတ်နိုင်ငံက ပြင်းပြင်းထန် ပြတ်သားစွာ ကန့်ကွက်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းနှင့်အညီ မိမိ၏တရားဝင် လုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားကို အခိုင်အမာကာကွယ်စောင့်ရှောက်ပြီး နိုင်ငံစုံကုန်သွယ်ရေး ယန္တရားနှင့် နိုင်ငံတကာကုန်သွယ်ရေးနှင့် စီးပွားရေး စည်းစနစ်ကို ကာကွယ်သွားမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
Photo: Mint