ပဋိပက္ခမြေပုံ - မြန်မာ့အနောက်ဘက်ဒေသရှိ AA ၏ စစ်ပွဲ

News Image

  • ပဋိပက္ခမြေပုံ - မြန်မာ့အနောက်ဘက်ဒေသရှိ AA ၏ စစ်ပွဲ

စစ်မြေပြင်တွင် အောင်ပွဲများ ဆွတ်ခူးနိုင်သော်လည်း မြန်မာ့တပ်မတော် သည် AA ကို အခြားနည်းလမ်းများဖြင့် အနှောင့်အယှက်ပေးလျက်ရှိပါသည်။ ရခိုင်ပြည်နယ်သည် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများအတွက် မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို အဓိကအားကိုးအားထား ပြုနေရဆဲ ဖြစ်ပါသည်။ သို့သော် ကြမ်းတမ်းသည့် ရိုးမတောင်တန်းများကြောင့်တပ်မတော်သည် ရခိုင်ပြည်နယ်သို့ စီးဝင်နေသော ကုန်စည်များကိုအလွယ်တကူ ပိတ်ဆို့နိုင်ပါသည်။ ပြည်မကနေ ရခိုင်ပြည်နယ်ကို ဝင်ရောက်နိုင်သည့် အဓိက လမ်းမကြီး လေးသွယ်သာ ရှိပါသည်။

AA တပ်ဖွဲ့အနေဖြင့် ၎င်း၏နယ်မြေအတွင်း အုပ်ချုပ်ရေးယန္တရား ဖြန့်ကျက်ရာတွင် ရုန်းကန်နေရသည့်အပြင် အလွန်များပြားလှသော ဒေသခံအရပ်သားများကို အများပြည်သူနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများ ပေးအပ်ရာတွင်လည်း အခက်အခဲများ ရှိနေဆဲဖြစ်ပါသည်။

ရခိုင်ပြည်နယ် တစ်ဝန်းရှိ ပြည်သူလူထု၏ နေ့စဉ်ဘဝများသည် တစ်နေ့ တခြား ပိုမိုကျပ်တည်းလျက်ရှိပါသည်။ အထူးသဖြင့် စားသောက်ကုန် ဈေးနှုန်းသည် အရမ်းမြင့်မားလျက်ရှိပါသည်။ မကြာသေးမီက ရခိုင်ပြည်နယ်နှင့် ကပ်လျက် တိုင်းဒေသကြီးများသို့ AA တပ်ဖွဲ့ဝင်ရောက်ပြီး စစ်ဆင်ရေးဖော်ဆောင်ခြင်းသည် တပ်မတော်၏ ပိတ်ဆို့မှုများကို လျှော့ချနိုင်ရန် တစ်စိတ်တစ်ပိုင်း ရည်ရွယ်ထားပြီး ရခိုင်ပြည်နယ်ကို ကုန်ပစ္စည်းများ ပိုမိုဝင်ရောက်နိုင်စေရန် ဦးတည်ခြင်းဖြစ်ပါသည်။

ကိုးကား- https://www.crisisgroup.org/global/mapping-conflict?utm_source=facebook&utm_medium=social

ဘာသာပြန်ဆိုသူ-ဦးညီညီအောင်စိုး၊ ညွှန်ကြားရေးမှူး၊ နစက-၄