အမေရိကန်နှင့် အီရန်တို့အကြား နျူကလီးယားလက်နက်ဆိုင်ရာ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ရုရှားကြားဝင် ညှိနှိုင်းပေးရေး မသေချာသေး

News Image

  • အမေရိကန်နှင့် အီရန်တို့အကြား နျူကလီးယားလက်နက်ဆိုင်ရာ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ရုရှားကြားဝင် ညှိနှိုင်းပေးရေး မသေချာသေး

အမေရိကန်နှင့် အီရန်တို့အကြား နျူကလီးယားလက်နက်ဆိုင်ရာ ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကြားဝင်ညှိနှိုင်း ပေးရေး ကမ်းလှမ်းချက်နှင့်ပတ်သက်၍ သတင်းထောက်များကမေးမြန်းမှုအပေါ် သမ္မတ ပူတင်အနေဖြင့် လက်ခံခြင်း ရှိ/မရှိ အတည်မပြုနိုင်သေးကြောင်း ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

သို့သော် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ပူတင်နှင့် တယ်လီဖုန်း မှတစ်ဆင့် ဆက်သွယ်ပြောဆိုရာတွင် အီရန်၏ နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေးပွဲဖြစ်မြောက်ရေး ကြားဝင်ညှိနှိုင်းပေးရန်တောင်းဆိုခဲ့ရာ ပူတင်အနေဖြင့် သဘောတူညီခဲ့ကြောင်း Bloomberg သတင်းဌာနက အစောပိုင်းတွင် ရေးသားခဲ့ကြောင်း TASS သတင်းစာမျက်နှာတွင် ဖော်ပြထားပါသည်။

ကိုးကား- TASS

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်(နစက-၄)