တရုတ်နိုင်ငံနှင့် ဥရောပပါလီမန်တို့က အပြန်အလှန် ကူးလူးဖလှယ်မှုဆိုင်ရာ ကန့်သတ်ချက်များကို တစ်ပြိုင်နက်တည်း ဘက်စုံရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆို
နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်အရ တရုတ်နိုင်ငံနှင့် ဥရောပ ပါလီမန်တို့သည် အပြန်အလှန်ကူးလူးဖလှယ်မှုဆိုင်ရာ ကန့်သတ်ချက်များကို တစ်ပြိုင်နက်တည်း ဘက်စုံရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြကြောင်း တရုတ် နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် မေးမြန်းမှုများအား ဖြေကြားရာတွင် မိတ်ဆက် ပြောကြားခဲ့သည်။
လွန်ခဲ့သည့်နှစ်များတွင် တရုတ်-ဥရောပ ဥပဒေပြု အဖွဲ့အစည်းများအကြား ကူးလူးဖလှယ်ရေးသည် လူအများသိပြီးသားဖြစ်သော အကြောင်းရင်း များကြောင့် အခက်အခဲတစ်ချို့နှင့် ကြုံတွေ့ခဲ့ရကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ လက်ရှိအခြေအနေတွင် တရုတ်-ဥရောပ ဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ရေးသည် လွန်စွာအရေးပါသည်ဟု နှစ်ဖက်စလုံးက ယူဆကြကြောင်း၊ သို့ဖြစ်၍ နှစ်ဖက်ညှိနှိုင်း သဘော တူညီချက်အရ တရုတ်နိုင်ငံနှင့် ဥရောပပါလီမန်တို့သည် အပြန်အလှန် ကူးလူးဖလှယ်မှုဆိုင်ရာ ကန့်သတ်ချက်များကို တစ်ပြိုင်နက်တည်း ဘက်စုံရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြကြောင်း လျင်က ပြောကြားခဲ့သည်။
“တရုတ်-ဥရောပ ဥပဒေပြုအဖွဲ့အစည်းတွေအကြား ကူးလူးဖလှယ်ရေး ဘက်စုံ ပြန်လည်ကောင်းမွန်လာခြင်းနှင့်အတူ နှစ်ဖက်ကူးလူးဖလှယ်မှုနှင့် အပြန် အလှန်နားလည်မှု ပိုမိုနက်ရှိုင်းလာမည်၊ ထိုအချက်များသည် တရုတ်-ဥရောပ ဆက်ဆံရေး စဉ်ဆက်မပြတ်ကောင်းမွန်ရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စွမ်းအားအသစ်များ ဖြည့်တင်းသွားမည်ဖြစ်သည်ဟု မိမိ ယုံကြည်ပြီး မျှော်လင့်ပါသည်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။
ကိုးကား- Xinhua