ဆိုဗီယက်တို့၏ ရဲရင့်မှုက နာဇီဘေးမှ လူသားတို့အား ကယ်တင်ခဲ့

News Image

  • ဆိုဗီယက်တို့၏ ရဲရင့်မှုက နာဇီဘေးမှ လူသားတို့အား ကယ်တင်ခဲ့

ဆိုဗီယက်ပြည်သူတို့၏ အားထုတ်မှုနှင့် ရဲရင့်မှုတို့သည် နာဇီဝါဒမှ ဥရောပနှင့် တစ်ကမ္ဘာလုံးကို ကယ်တင်ရာတွင် အထောက်အကူပြုခဲ့ကြောင်း ဗင်နီဇွဲလားသမ္မတ Nicolas Maduro က ရုရှားသမ္မတ Vladimir Putin နှင့် မေ ၇ တွင် ကျင်းပသော ဆွေးနွေးပွဲတွင် ပြောကြားလိုက်ပါသည်။

“ကြီးမြတ်သော အမိမြေကို ကာကွယ်သည့်စစ်ပွဲ (Great Patriotic War) ၏အောင်ပွဲအထိမ်းအမှတ် နှစ် ၈၀ ပြည့်နှင့်စပ်လျဉ်း၍ ဗင်နီဇွဲလား ပြည်သူတို့၌ရှိသော ချီးကျူးဂုဏ်ပြုမှုခံစားချက်ကို သင့်ထံအပ်နှင်းလိုပါသည်၊ တပ်နီတော် (Red Army) အောင်ပွဲ၏ ကြီးမြတ်သောအောင်ပွဲနှင့် ဆိုဗီယက်ပြည်သူတို့၏ စွန့်လွှတ်အနစ်နာခံမှုတို့သည် ဥရောပနှင့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်နိုင်ခဲ့ပါသည်” ဟု ၎င်းက ပြောကြားထားပါသည်။

Maduro က ဆိုဗီယက်ပြည်ထောင်စု ပြည်သူတို့သည် စစ်ပွဲအဆုံးသတ်ရန် အလွန်ကြီးမားသော စွန့်လွှတ်မှုများ ပြုလုပ်ခဲ့ရသည်ဟု ဆက်လက် ပြောကြားခဲ့သည်။

ထိုသို့မပြောကြားမီက ဗင်နီဇွဲလားခေါင်းဆောင်က နာဇီဂျာမနီ၏ ကျူးကျော်စစ်ကို တားဆီးခဲ့သော ဆိုဗီယက်ပြည်ထောင်စုအား ဥရောပက ကျေးဇူးတင်ရမည်ဖြစ်ကြောင်း ကြိုတင်ပြောကြားခဲ့ပါသည်။

Maduro သည် မေလ ၈ ရက် (ဗုဒ္ဓဟူးနေ့) တွင် မြို့တော်မော်စကိုသို့ ရောက်ရှိခဲ့ပါသည်။ ယခုခရီးစဉ်မှာ ၎င်း၏ ရုရှားသို့ (၈) ကြိမ်မြောက် ခရီးစဉ်ဖြစ်ပါသည်။ ရုရှားသမ္မတ Vladimir Putin နှင့် ဆွေးနွေးပွဲပြီးနောက် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ မဟာမိတ်ဖွဲ့ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် မျှော်မှန်းထားပါသည်။

ကိုးကား- TASS

Photo: China Daily HK

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃