West Bank ၌ ဟားမက်အရာရှိကြီးတစ်ဦးကို အစ္စရေးက သုတ်သင် ရှင်းလင်းခဲ့

News Image

  • West Bank ၌ ဟားမက်အရာရှိကြီးတစ်ဦးကို အစ္စရေးက သုတ်သင် ရှင်းလင်းခဲ့

အစ္စရေးတပ်ဖွဲ့သည် စစ်ကူအင်အားများစွာပါဝင်သည့် ကြီးမားသည့်စစ်ဆင်ရေးတစ်ရပ်ကို West Bank မြောက်ဘက်ရှိဂျီနင်မြို့၏ အရှေ့ဘက်တွင် မတ်လ ၄ ရက်နေ့က လုပ်ဆောင်ခဲ့ကြသည်။ အဆိုပါစစ်ဆင်ရေးအတွင်း လူနေအဆောက်အဦ များစွာကို ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဟားမက်တို့၏ Qassam တပ်မမှ အရာရှိကြီးတစ်ဦးဖြစ်သူ Aysar al-Saadi အပါအဝင် ပါလက်စတိုင်းလူငယ် (၁) ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းလုံခြုံရေးဆိုင်ရာ သတင်းအရင်းအမြစ် များနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရှိရပါသည်။

ဟားမက်တို့အနေဖြင့် Aysar သေဆုံးမှုအပေါ် ဝမ်းနည်းကြေကွဲခဲ့ရပြီး အစ္စရေးတို့အနေဖြင့် Aysar ကို စစ်မြေပြင်တွင် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ချိန်၌ ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့ခြင်းမျိုးမဟုတ်ဘဲ ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲပြစ်တင်ခဲ့ကြသည်။ 

လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် Aysar သည် အစ္စရေးပစ်မှတ်များအပေါ် တိုက်ခိုက်ရန် စီမံဆောင်ရွက်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူဖြစ်ကြောင်း၊ အခြားသေဆုံးသည့် ပါလက်စတိုင်းလူငယ်တစ်ဦးမှာ ယင်းဒေသအတွင်း အစ္စရေးတပ်များအတွက် အန္တရာယ်ရှိသူတစ်ဦးပင်ဖြစ်ကြောင်း အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တစ်ခုတွင် အခိုင်အမာ ပြောဆိုထားသည်။ 

ကိုးကား-ဆင်ဟွာ

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်(နစက-၄)