Hodeidah မြို့အပေါ်၌ ပျံသန်းထောက်လှမ်းနေသည့် အမေရိကန်၏ MQ-9 ဒရုန်းကို ဟူသီတို့က ပစ်ချ

News Image

  • Hodeidah မြို့အပေါ်၌ ပျံသန်းထောက်လှမ်းနေသည့် အမေရိကန်၏ MQ-9 ဒရုန်းကို ဟူသီတို့က ပစ်ချ

ယီမင်နိုင်ငံ ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သည့် Hodeidah မြို့ပေါ်တွင် ပျံသန်းပြီး ကင်းထောက်နေသည့် အမေရိကန် MQ-9 ဒရုန်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ဟူသီတပ်ဖွဲ့က မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါ MQ-9 ဒရုန်းသည် ယီမင်လေပိုင်နက်ကို ဖြတ်ကျော်ဝင်ရောက်ပြီး ကျူးကျော်ရန်စသည့် စစ်ရေးအပြုအမူများ လုပ်ဆောင်ခဲ့စဉ် ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအကြိမ်သည် ၁၅ စင်းမြောက် ပစ်ချဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဟူသီတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။

ဟူသီတို့၏ပြောကြားချက်နှင့်ပတ်သက်၍ အမေရိကန်စစ်ဘက်ကသော်လည်းကောင်း၊ သံတမန်လမ်းကြောင်းက သော်လည်းကောင်း တစ်စုံတစ်ရာတုံ့ပြန်ပြောကြားခြင်း မရှိသေးကြောင်း Xinhua သတင်းစာမျက်နှာတွင် ရေးသား ဖော်ပြထားပါသည်။

ကိုးကား-ဆင်ဟွာ

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်၊(နစက-၄)