တံတားဦးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကျင်းပ

News Image

  • တံတားဦးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ သိကောင်းစရာများ တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီက တံတားဦးမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်းသိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက အမှာစကား ပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင်  အကျုံးဝင်သူများကို ဥပဒေ ၊ နည်းပဒေများနှင့်အညီ ဆင့်ခေါ်ရေး ၊ သတ်မှတ် အင်အား ပြည့်မီရေး၊ ပြဋ္ဌာန်းထားရှိသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ ၊ နည်းဥပဒေများကို လေ့လာမှတ်သား၍  ပြည်သူများသိရှိနားလည်စေရန် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ကြစေရန်နှင့် အခက်အခဲများရှိပါက အထက်အဖွဲ့အစည်းများထံသို့ တင်ပြပေးစေလိုကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားသည် ။

ဆက်လက်၍ တံတားဦးခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ၊ တံတားဦးမြို့နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက  ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ အပတ်စဉ် ဆောင်ရွက်ထားရှိမှုနှင့် ညွှန်ကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရပ်ကွက် ၊ ကျေးရွာအုပ်ချုပ်ရေး မှူးများမှ ဆောင်ရွက်ထားရှိမှုနှင့် ကြုံတွေ့ ရသည့် အခက်အခဲများကို အသီးသီးဆွေးနွေးတင်ပြကြသည် ။

ထို့နောက် တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက တင်ပြချက်များအပေါ် ရှင်းလင်းဆွေးနွေးပြီးသက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည် ။

ဦးရဲတင့် (ပြန်/ဆက်)

၀၉-၇၉၇၄၃၈၃၀၅