ပြင်သစ်သမ္မတ Emmanuel Macron ၏ ပြောကြားချက်အပေါ် ကရင်မလင် တုန့်ပြန်
ပြင်သစ်သမ္မတ Emmanuel Macron က မတ်လ ၅ ရက်နေ့တွင် EU အဆင့်မြင့်ပုဂ္ဂိုလ်များအရေးပေါ်အစည်းအဝေး၌ ပြောကြားခဲ့သော မိန့်ခွန်းတွင် မော်စကိုသည် EU အတွက် ကြီးမားသည့်ခြိမ်းခြောက်မှုကို လုပ်ဆောင် နေသည်ဟု စွပ်စွဲပြောဆိုခဲ့ပြီး ယင်းကဲ့သို့ ခြိမ်းခြောက်မှုမှ တုန့်ပြန် ကာကွယ်နိုင်ရန် ကာကွယ်ရေးအသုံးစရိတ် သိသိသာသာ တိုးမြှင့်ရန် တောင်းဆိုခဲ့သည်။
ပဋိပက္ခညှိနှိုင်းမှုများပြီးဆုံးပါက ယူကရိန်းသို့ ပြင်သစ်တပ်ဖွဲ့ဝင်များ စေလွှတ်ရန် အသင့်ရှိကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ပက်စ်ကော့ဗ်က Macron သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများဆီသို့ ဦးတည်စေမည့် သတင်းစကားများကို ပြောဆိုလိုခြင်းမရှိပဲ စစ်ပွဲများဆက်လက်ဖြစ်ပွားရေးဆီသို့ ရှေ့ရှုစေရေး လိုလားသည့်ပြောဆိုမှုများကို ပြောဆိုလုပ်ဆောင်နေသည်ဟုဆိုသည်။
မော်စကိုက ပဋိပက္ခပြီးဆုံးရေးနှင့်ပတ်သက်သည့် ဖြစ်သင့်ဖြစ်ထိုက်သော အကြံပြုတိုက်တွန်းချက်သဘောထားများကို အကြိမ်ကြိမ် ဖော်ပြခဲ့သော်လည်း EU သည် လိုရာဆွဲ၍ ငြိမ်းချမ်းရေးလမ်းစဉ်ကို သွေဖည် စေရန် ဦးတည်လုပ်ဆောင်နေကြောင်း ပက်စ်ကော့ဗ်က ဆိုသည်။
ပဋိပက္ခကို စတင်စေသူသည် မည်သူဖြစ်သည်ကို ထင်ရှားစွာ သိနေနိုင် သော်လည်း EU ၏ သမားရိုးကျ ဇာတ်ညွှန်းများအတိုင်း ပုံဖော်ဝါဒဖြန့်ကာ မော်စကိုက ကိယက်ဗ်ကို သိမ်းပိုက်လိုခြင်းနှင့် EU ကို ခြိမ်းခြောက် နေသည်ဟူသော ၎င်း၏ပြောကြားချက်ကို ကန့်ကွက်ကြောင်းနှင့် Macron သည် ပဋိပက္ခအားမပြီးဆုံးစေရန် အလိုရှိနေသူဖြစ်သည် ဟု ပက်စကော့ဗ်က ဆိုသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂