နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှား ဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် ခရီးစဉ် အစအဆုံး

News Image

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှား ဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် ခရီးစဉ် အစအဆုံး
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှား ဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် ခရီးစဉ် အစအဆုံး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိ

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ တရားဝင် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါ သွားကြသည်။

ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းများ အပါအဝင် ရုရှားအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေး ဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမို တိုးတက် ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်သည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/67865

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin နှင့် ဒူးမားလွှတ်တော်အဆောက်အဦ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးရာတွင် ဒူးမားလွှတ်တော်၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှုအခြေအနေများ၊ လွှတ်တော်၏ ဖွဲ့စည်းထားရှိမှုနှင့် ပါတီများဖွဲ့စည်းထားရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား လွှတ်တော်များအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ရမှုနှင့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ရွေးကောက်ပွဲကျင်းပချိန်၌ ရုရှားနိုင်ငံအနေဖြင့် ထောက်ခံ အားပေးသွားမည့်အခြေအနေများ၊ ပြည်ပမှအကူအညီများရယူသည့် ပါတီများကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေမှုအခြေအနေများ၊ မြန်မာနိုင်ငံ လွှတ်တော်များအဆင့်ဆင့်ဖွဲ့စည်းထားရှိမှုနှင့် ရွေးကောက်ပွဲ ကျင်းပမှု ပုံစံများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီး အပြန်အလှန်သွားရောက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/67913

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်း နိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu နှင့်တွေ့ဆုံဆွေးနွေး

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu အား ၎င်း၏အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ရာတွင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန် လျက်ရှိမှုအခြေအနေများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ မော်စကို၌ကျင်းပမည့် နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနား၌ မြန်မာ ကိုယ်စားလှယ်များ တက်ရောက်ရေးနှင့် လုံခြုံရေးဖိုရမ်များ၌ မြန်မာကိုယ်စားလှယ်များ ဖိတ်ခေါ်ခြင်း ဆိုင်ရာ ကိစ္စရပ်များအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/67914

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်း နိုင်ငံဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် တွေ့ဆုံဆွေးနွေး

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၄ ရက်နေ့၊ ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် ရုရှားအစိုးရအဖွဲ့ အိမ်တော်အစည်းအဝေးခန်း၌ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုကဏ္ဍ၊ စက်မှုကဏ္ဍ၊ ကုန်ထုတ် လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး  ဆိုင်ရာကိစ္စရပ်များ၊ အာကာသနှင့် ဂြိုဟ်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွား လုပ်ငန်းများ အပြန်အလှန်တိုးတက်လာစေရေး၊ မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှရင်းနှီးမြှုပ်နှံမှုများ လာရောက်ရင်းနှီး မြှုပ်နှံစေရေးဖိတ်ခေါ်မှုများ၊ နှစ်နိုင်ငံအကြား သဘောတူညီမှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ် များနှင့် နှစ်နိုင်ငံအကြား အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိကြီးများ အပြန်အလှန်ချစ်ကြည်ရေးခရီးများ အပြန်အလှန် လည်ပတ်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/67916

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko နှင့် တွေ့ဆုံဆွေးနွေး

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၄ ရက်နေ့၊ ဒေသစံတော် ချိန်မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko နှင့် ရုရှားဖက်ဒရယ်ကောင်စီလွှတ်တော်၌ တွေ့ဆုံဆွေးနွေးပွဲတွင် လွှတ်တော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ အစိုးရအချင်းချင်း၊ နိုင်ငံအချင်းချင်း၊ ပြည်သူအချင်းချင်း ဆက်ဆံရေးတိုးတက်ကောင်းမွန်မှုအခြေအနေများ၊ လွှတ်တော်နှစ်ရပ်အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ လွှတ်တော် နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေနေများ၊ မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲကျင်းပချိန်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်မှ လေ့လာရေးအဖွဲ့များ စေလွှတ်ပေးသွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၌ လွှတ်တော်ပြန်လည်ဖွဲ့စည်းပြီးချိန်၌ လွှတ်တော်နှစ်ရပ်အကြားဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/67917

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား ဖက်ဒရေး ရှင်း နိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် သီးသန့်တွေ့ဆုံဆွေးနွေး

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ တရားဝင်ချစ်ကြည်‌ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၄ ရက်နေ့၊ ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့၊ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် သီးခြားတွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်များ၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/67918

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin တို့ မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအပြန်အလှန် ပူးတွဲကြေညာချက်များနှင့် ပြောကြားချက်များ

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/67922

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှား-အာဆီယံ စီးပွားရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ် ၄ ရက်နေ့ညပိုင်းတွင် ရုရှား-အာဆီယံ စီးပွားရေးကော်မရှင်ဥက္ကဋ္ဌ Mr. Ivan Polyakov ဦးဆောင်သည့်အဖွဲ့အား မော်စကိုမြို့၊ Radisson Collection ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံရာတွင် ရုရှား-မြန်မာစီးပွားရေး ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင်စိုက်ပျိုးဖြစ်ထွန်းသည့် ဖရဲသီး၊ သရက်သီးစသည့် အသီးအနှံ များအား ရုရှားနိုင်ငံသို့ တင်ပို့နိုင်သည့်အခြေအနေများ၊ စွန့်ပစ်အမှိုက်များအား Recycle ဖြင့် ပြန်လည် အသုံးပြု နိုင်ရေးကိစ္စရပ်များ၊ အာကာသနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြား နှစ်နိုင်ငံ အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/67952

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. Mr. Andrei Removich နှင့် တွေ့ဆုံဆွေးနွေး

ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. Mr. Andrei Removich နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား ကာကွယ်ရေးကဏ္ဍတွင် နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ၊ အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။       

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/67963

မြန်မာ-ရုရှား စီးပွားရေးဖိုရမ်ကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြည့်စွက်အမှာစကားပြောကြား 

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် Myanmar Airways International (MAI)၊ Roscongress Foundation၊ Fund RC-Investments၊ Russia-ASEAN Business Council နှင့် Russia - Myanmar Business Council တို့ ပူးပေါင်းကျင်းပသည့် ရုရှား - မြန်မာ စီးပွားရေးဖိုရမ်အား မတ်လ ၅ ရက်နေ့၊ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မော်စကိုမြို့ Radisson Collection ဟိုတယ်ရှိ Business Hall ၌ ကျင်းပပြုလုပ်သည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/67965

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမား  လွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် Radisson Collection ဟိုတယ်၌ လာရောက်ဂါရဝပြု တွေ့ဆုံရာတွင် နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးထားသည့်အချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒူးမား လွှတ်တော်သို့ မြန်မာနိုင်ငံမှလေ့လာရေးအဖွဲ့များစေလွှတ်၍ အတွေ့အကြုံများ ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ကောင်းမွန်စေရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/67966

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိန့်ပီတာစဘတ် မြို့အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေး

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စိန့်ပီတာစဘတ်မြို့အုပ်ချုပ်ရေးမှူး မစ္စတာအလက်ဇန္ဒားဘယ်ဂ်လော့နှင့် မတ်လ ၅ ရက်နေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် စိန့်ပီတာစဘတ်မြို့၊ အစိုးရဧည့်ဂေဟာ K2 ရှိ အစည်းအဝေး ခန်းမ၌ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံနှင့် စိန့်ပီတာစဘတ်မြို့တို့အကြား ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စက်မှုကဏ္ဍ၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးကဏ္ဍများ ဖွံဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ များ၊ စိန့်ပီတာစဘတ်မြို့တွင် ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာ သိမ်၊ ကျောင်း၊ စေတီ တည်ဆောက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/67997

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့သို့ ရောက်ရှိ

ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာလူကာရှန်းကော့၏ ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၆ ရက်နေ့၊ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/68006

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဘယ်လာရုစ် သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko က ဂုဏ်ပြုကြိုဆို တွေ့ဆုံဆွေးနွေး

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် (Official State Visit) ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မတ်လ ၇ ရက်နေ့၊ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံသမ္မတက သမ္မတနန်းတော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/68059

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘယ်လာရုစ် သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Petrovich Sergeenko နှင့် တွေ့ဆုံဆွေးနွေး

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၇ ရက်နေ့၊ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Petrovich Sergeenko နှင့် မင့်စ်မြို့ရှိ အမျိုးသားလွှတ်တော်၌ တွေ့ဆုံ၍ နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ ဘယ်လာရုစ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ လာရောက် လေ့လာခဲ့မှုနှင့် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပချိန်တွင် ဘယ်လာရုစ်နိုင်ငံမှ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။               

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/68060

မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံပွဲကျင်းပ

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံတော်အဆင့်တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၇ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်း တွင် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့ရှိ သမ္မတနန်းတော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘယ်လာရုစ် သမ္မတ နိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko တို့ တက်ရောက်ဆွေးနွေးကြသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/68061

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko တို့ မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအပြန်အလှန်ပူးတွဲကြေညာချက်များနှင့် ပြောကြားချက်များ

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/68062

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘယ်လာရုစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Roman Alexandrovich Golovchenko နှင့် တွေ့ဆုံဆွေးနွေး

ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘယ်လာရုစ် သမ္မတ နိုင်ငံဝန်ကြီးချုပ် H.E. Mr. Roman Alexand-rovich Golovchenko နှင့် မတ်လ ၇ ရက်နေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် ဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဘယ်လာရုစ်နိုင်ငံသို့ လာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို များစွာမြှင့်တင်ပေးနိုင်မှုအခြေအနေများ၊ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်အောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင် ခဲ့သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ထုတ်ကုန်ပစ္စည်းများ အပြန်အလှန်တင်ပို့နိုင်ရေးကိစ္စရပ်များ၊ မြန်မာ နိုင်ငံမှထွက်ရှိသည့် ဆန်အပါအဝင် အခြားစက်မှုကုန်ကြမ်းသီးနှံများအား ဘယ်လာရုစ်နိုင်ငံသို့ တင်ပို့နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ရေခံမြေခံကောင်းများရှိပြီးဖြစ်သည့် မြန်မာနိုင်ငံနှင့် ခေတ်မီစိုက်ပျိုးမွေးမြူရေးနည်းပညာများ ပိုင်ဆိုင်ထားသည့် ဘယ်လာရုစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် နည်းပညာများ ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်များ ထုတ်လုပ်ရေးတွင် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် အခြားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/68063

မြန်မာ - ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကျင်းပ

မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်အား မတ် ၆ ရက် ဒေသစံတော်ချိန်ညနေပိုင်းတွင် မင့်စ်မြို့ President ဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/68064

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ် သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko အား လက်ခံတွေ့ဆုံ

ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko အား မတ် ၆ ရက် ဒေသစံတော်ချိန်ညနေပိုင်းတွင် မင့်စ်မြို့ President ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ နို့ထွက် ပစ္စည်းထုတ်လုပ်ရေး ဆိုင်ရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးနှင့် နည်းပညာများ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/68065

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ် နိုင်ငံမှပြန်လည်ထွက်ခွာ၊ ရုရှားနိုင်ငံ ဆာမားရားမြို့ရှိ Roscosmos အာကာသကော်ပိုရေးရှင်းသို့ သွားရောက် ကြည့်ရှုလေ့လာ

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာလူကာရှန်းကော့၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ နိုင်ငံတော်အဆင့် (Offical State Visit) ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၈ ရက်နေ့တွင် ဆာမားရားမြို့ရှိ Roscosmos အာကာသကော်ပိုရေးရှင်း JSC Progress စက်ရုံသို့ လေ့လာရေးခရီး ရောက်ရှိခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry Bakanov နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား အာကာသနည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေး ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိမည့် ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ အာကာသနည်းပညာသင်တန်းများ တက်ရောက်နိုင်ရန်အတွက် မြန်မာနိုင်ငံမှ ပညာတော်သင်များ ပိုမိုစေလွှတ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ဆာမားရားမြို့တို့အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် အခြားပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/68102

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေး

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်မြို့တွင် တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး မစ္စတာတရာ့ဗနီကော့ဗ် အန်ဒရေအလက်ဇန်ဒရိုဘစ်ချ်နှင့် မတ်လ ၉ ရက်နေ့၊ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် နိုဗိုစီဗစ်မြို့၊ Grand Autograph ဟိုတယ်ရှိအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းများ၊ ကုန်သွယ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာနိုင်မှု၊ မြန်မာနိုင်ငံမှ ပညာတော်သင် သင်တန်းသား အရာရှိများ နိုဗိုစီဗစ်မြို့ရှိ တက္ကသိုလ်များ၌ တက်ရောက်ပညာသင်ကြားလျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် မန္တလေး မြို့တို့ကို တိုက်ရိုက်လေကြောင်း ပြေးဆွဲလျက်ရှိမှု၊ ထုတ်ကုန်များ အပြန်အလှန်တင်ပို့နိုင်မှု၊ မြန်မာနိုင်ငံနှင့် နိုဗို  စီဗစ်မြို့တို့အကြား ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ မန္တလေးမြို့နှင့် နိုဗိုစီဗစ်မြို့တို့အား Sister City များအဖြစ် ဆောင်ရွက်မည်ဆိုပါက ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ပို့ဆောင် ဆက်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စက်မှုကဏ္ဍ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကဏ္ဍများ ဖွံဖြိုး တိုးတက်ရေးဆောင်ရွက်နိုင်မှုအခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/68141

နိုင်ငံတော်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်သမ္မတနိုင်ငံတို့နှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ပြည်သူ များက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုနှုတ်ဆက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း သွားရောက်ခဲ့ပြီး မတ်လ ၉ ရက်နေ့၊ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့ သာမာရှဲဗာလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး မစ္စတာတရာ့ဗနီကော့ဗ်အန်ဒရေ အလက်ဇန်ဒရိုဘစ်ချ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်-

https://www.moi.gov.mm/news/68146