အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပိတ်ဆို့အရေးယူမှုအသစ်များနှင့်အတူ ရုရှားကို ခြိမ်းခြောက်

News Image

  • အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပိတ်ဆို့အရေးယူမှုအသစ်များနှင့်အတူ ရုရှားကို ခြိမ်းခြောက်

ယူကရိန်းအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရှိမချင်း ရုရှား အပေါ် ကြီးမားသောပိတ်ဆို့ အရေးယူမှုအသစ်များ ချမှတ်သွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုလိုက်ပါသည်။ အဆိုပါပိတ်ဆို့ အရေးယူမှုများသည် ရုရှား၏ဘဏ်လုပ်ငန်းကဏ္ဍကိုပစ်မှတ်ထားပြီး ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုအပေါ်အခွန်စည်းကြပ်ခြင်းများပါဝင်မည်ဟု Truth Social ပလက်ဖောင်း၌ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပါသည်။

ဒေါ်နယ်ထရမ့်က “ရုရှားစစ်တပ်သည် စစ်မြေပြင်၌ အနိုင်ကျင့်နေပြီး ၎င်းအချက်များအပေါ် အခြေခံကာ ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် ငြိမ်းချမ်းရေးအတွက် နောက်ဆုံးဖြေရှင်းရေးသဘောတူညီချက်မရရှိမချင်းရုရှားအပေါ်ပိတ်ဆို့အရေးယူမှုများ ပြင်းပြင်း ထန်ထန် ချမှတ်သွားရန် စဉ်းစားနေပါသည်” ဟု ပြောခဲ့ပါသည်။

ထို့အပြင် အချိန်မနှောင်းမီ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ချက်ချင်း လာရောက်ကြရန် ရုရှားနှင့် ယူကရိန်းတို့ကို ဒေါ်နယ်ထရမ့်က တောင်းဆိုခဲ့ကြောင်းလည်း သိရပါသည်။ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်က ရုရှားအပေါ် ချမှတ်ခဲ့သည့် ပိတ်ဆို့အရေးယူမှု များသည် အလွန်အားနည်းသည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောဆိုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက် ပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ထို့အပြင် အမေရိကန်သည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို တင်းကြပ်ရန် ပြင်ဆင်ထားသည် ဟု Scott Bessent က ထပ်မံပြောကြားခဲ့ပါသည်။

ကိုးကား-NP News