ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင် လိုက်ပါ
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ မတ်လ ၄ ရက်နေ့၊ နံနက်ပိုင်းမှ မတ်လ ၆ ရက်နေ့ နံနက်ပိုင်းအထိလည်းကောင်း၊ ဘယ်လာရုစ် နိုင်ငံသမ္မတ မစ္စတာလူကာရှန်ကို၏ ဖိတ်ကြားချက်အရ မတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းမှ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းအထိလည်းကောင်း တရားဝင် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာ အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် လိုက်ပါသွားခဲ့ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးခြင်းနှင့် နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘောတူညီချက်များ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ကိုးကား-SAC Web Technical Team