အီရန်-အမေရိကန် တတိယအကြိမ် ညှိနှိုင်းပွဲ အိုမန်တွင် ပြီးဆုံး

News Image

  • အီရန်-အမေရိကန် တတိယအကြိမ် ညှိနှိုင်းပွဲ အိုမန်တွင် ပြီးဆုံး

အိုမန်နိုင်ငံတွင် ကျင်းပခဲ့သည့် အီရန်-အမေရိကန် တတိယအကြိမ်မြောက် နျူကလီးယားအရေးဆွေးနွေးပွဲပြီးဆုံးကြောင်း အီရန်၏ အစိုးရရုပ်မြင်သံကြားနှင့် ရေဒီယိုဌာနက ကြေညာခဲ့ပါသည်။ 

ကျွမ်းကျင်သူအဆင့် ကိုယ်စားလှယ်အဖွဲ့များသည် အနာဂတ်သဘောတူညီချက်အတွက် အချို့သော အသေးစိတ်အချက်များကို ညှိနှိုင်းနိုင်ခဲ့ ကြပါသည်။

လက်ရှိအဆင့်ဆွေးနွေးမှုကို ယာယီရပ်နားထားပြီး နှစ်ဖက်စလုံးမှ အဖွဲ့ များသည် ၎င်းတို့၏ အစိုးရများထံမှ နောက်ထပ် ညွှန်ကြားချက်များရယူရန် သက်ဆိုင်ရာ နိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ 

အိုမန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မေလ ၃ ရက်တွင် အဆင့်မြင့်အစည်းအဝေးတစ်ခု ထပ်မံကျင်းပမည်ဟု သိရပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃