မတ်လ(၁၁)ရက်နေ့တွင် ယူကရိန်းထိပ်ပိုင်းခေါင်းဆောင်များနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့များ ဆော်ဒီအာရေဗျ၌ တွေ့ဆုံမည်
ယူကရိန်းထိပ်ပိုင်းခေါင်းဆောင်များနှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့များ မတ်လ(၁၁)ရက်နေ့တွင် ဆော်ဒီအာရေဗျ၌ တွေ့ဆုံသွားမည်ဖြစ်ပြီး ယူကရိန်းကိုယ်စားလှယ်အဖွဲ့တွင် သမ္မတရုံးအကြီးအကဲ Andriy Yermak ၊ နိုင်ငံခြားရေး ဝန်ကြီး Andrii Sybiha နှင့် ကာကွယ်ရေးဝန်ကြီး Rustem Umerov တို့ပါဝင်မည်ဖြစ်ကြောင်း ဇီလန်စကီးက ၎င်း၏လူမှုကွန်ယက်မီဒီယာတွင် မတ်လ(၈)ရက်နေ့က ရေးသားဖော်ပြခဲ့သည်။
အမေရိကန်ဘက်မှ တွေ့ဆုံဆွေးနွေးမည့်နေ့ရက်ကို မသတ်မှတ်ရသေးသော်လည်း ၎င်းနှင့် နိုင်ငံခြားဝန်ကြီး Marco Rubio တို့ တက်ရောက်သွားမည်ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz က ပြောကြားခဲ့ပါသည်။
ယခုအစည်းအဝေးသည် လွန်ခဲ့သည့်ဖေဖော်ဝါရီလကုန်ပိုင်းက အိမ်ဖြူတော်၌ သမ္မတထရမ့်နှင့် ဇီလန်စကီးတို့ အကြား အဆင်မပြေဖြစ်ခဲ့သည့်တွေ့ဆုံမှုအပြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယူကရိန်းအနေဖြင့် ယခုတွေ့ဆုံဆွေးနွေးမှုအား “အပြုသဘောဆောင်သည့်ဆွေးနွေးမှုဖြစ်ရေး အပြည့်အဝအာမခံကြောင်း”၊ ရုရှားနှင့်ယူကရိန်းအကြား စစ်ပွဲများစတင်ဖြစ်ပွားစဉ်ကတည်းက မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးမည့်နည်းလမ်းကိုရှာဖွေခဲ့ကြောင်းနှင့် “လက်တွေ့ဆန်သည့် ကမ်းလှမ်းအဆိုပြုချက်များအပေါ် လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း” ဇီလန်စကီးက ပြောကြားခဲ့သည်။
ကိုးကား- NHK World
အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)