အမေရိကန်နှင့်ဆွေးနွေးမှုများသည် လွန်စွာအပြုသဘောဆောင်ဟု ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဆို
ယူကရိန်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Andry Yermak က မတ်လ ၁၁ ရက်နေ့တွင် ဆော်ဒီ၌ ကျင်းပခဲ့သော အမေရိကန်နှင့် ဆွေးနွေးပွဲများသည် လွန်စွာအပြုသဘောဆောင်သော ရလဒ်များဖြင့် စတင်ခဲ့သည်ဟုဆိုသည်။
“အမေရိကန်အဖွဲ့နှင့် တွေ့ဆုံမှုသည် လွန်စွာအပြုသဘောဆောင်မှုများနှင့်စတင်ခဲ့ပြီး တရားမျှတပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် ၎င်းတို့ လုပ်ဆောင်နေပါသည်” ဟု ယူကရိန်းသမ္မတ၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Yermak က ပြောကြားခဲ့သည်။
Yermak သည် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနှင့် အခြားအရာရှိများနှင့်အတူ ယူကရိန်းညှိနှိုင်းရေးအဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်ပြီး ၎င်းတို့သည် မတ်လ ၁၁ ရက်(အင်္ဂါနေ့)တွင် ဆော်ဒီအာရေဗျ နိုင်ငံတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ကိုးကား-CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂