ပါကစ္စတန်တွင် ရထားတစ်စီးပေါ်မှ ခရီးသည် (၄၅၀) ကျော်ကို စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့က ဓါးစာခံအဖြစ် ဖမ်းဆီး

News Image

  • ပါကစ္စတန်တွင် ရထားတစ်စီးပေါ်မှ ခရီးသည် (၄၅၀) ကျော်ကို စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့က ဓါးစာခံအဖြစ် ဖမ်းဆီး

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း၌ အကြမ်းဖက်မှုများ မြင့်တက်လာစေမှု၏နောက်ကွယ်တွင် လက်နက်ကိုင်စစ်သွေးကြွအဖွဲ့တစ်ဖွဲ့သည် မတ်လ ၁၁ ရက်တွင် ရထားတစ်စီးပေါ်၌ လိုက်ပါလာသော ရာနှင့်ချီသော ခရီးသည်များကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရ ပါသည်။

အာဖဂန်နစ္စတန်၊ အီရန်တို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ဘလိုချီစတန် ပြည်နယ်မှ တောင်တန်းဒေသတစ်ခုတွင် စစ်သွေးကြွများသည် ရထားကို သိမ်းပိုက်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်ရပ်အတွင်း ရထား ယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရပါသည်။

အကြီးတန်းမီးရထားအစိုးရအရာရှိတစ်ဦးက “ရထားပေါ်တွင် လိုက်ပါ လာသော ခရီးသည် ၄၅၀ ကျော်ကို စစ်သွေးကြွအဖွဲ့များက ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ခရီးသည်များထဲ၌ အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်သည်” ဟု ပြောခဲ့ပါသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး ၎င်းတို့တွင် တာဝန်ရှိကြောင်း Baloch Liberation Army (BLA) စစ်သွေးကြွအဖွဲ့က ချက်ချင်းထုတ်ဖော် ပြောဆို ခဲ့ကြောင်းလည်း သိရပါသည်။ Baloch Liberation Army (BLA) စစ်သွေးကြွအဖွဲ့သည် ရထားလမ်းကို ဗုံးခွဲပြီးနောက် ရထားကို ဝင်ရောက် စီးနင်းမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တစ်ခု၌ ရေးသား ဖော်ပြထားပါသည်။

ထို့အပြင် ဓါးစာခံများကို ကယ်တင်ရန် ကြိုးပမ်းပါက ပြင်းထန်သည့် အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဟု Baloch Liberation Army (BLA) စစ်သွေးကြွအဖွဲ့က သတိပေးပြောဆိုခဲ့ကြောင်းလည်း သိရပါသည်။

ကိုးကား-NP News