ဆင်းဒူးစစ်ဆင်ရေး၌ အကြမ်းဖက်သမား ၁၀၀ ကျော် သေဆုံးဟုဆို

News Image

  • ဆင်းဒူးစစ်ဆင်ရေး၌ အကြမ်းဖက်သမား ၁၀၀ ကျော် သေဆုံးဟုဆို

အိန္ဒိယနိုင်ငံက  ပါကစ္စတန်နိုင်ငံ၌ ရှိသော အကြမ်းဖက်သမားများကို ပစ်မှတ်ထားသည့် ဆင်းဒူးစစ်ဆင်ရေး ဆောင်ရွက်မှုအတွင်း အကြမ်းဖက်သမားအယောက် ၁၀၀ ကျော် သေဆုံးပြီး ပါကစ္စတန်လုံခြုံ‌ရေး တပ်ဖွဲ့ဝင် ၄၀ ကျော်ကွယ်လွန်သွားကြောင်း အိန္ဒိယစစ်ဘက်မှ  အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆင်းဒူးစစ်ဆင်ရေးတွင် ညွှန်ကြားရေးမှူးအဖြစ်  တာဝန်ထမ်းဆောင်နေသည့် ရာဂျစ်ဂိုင်က အိန္ဒိယ၏ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်ရှိ လေတပ်စခန်း အနည်းဆုံး ၁၁ ခု ပျက်စီးဆုံးရှုံးသွားကြောင်းနှင့် ထိုကဲ့သို့   တိုက်ခိုက်လိုက်သည့်အတွက် ပါကစ္စတန်၏  စစ်ရေးစွမ်းရည်အပေါ် များစွာထိခိုက်စေကြောင်း  မေလ ၁၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နိုင်ငံရှိ အကြမ်းဖက်သမားများနှင့် ၎င်းတို့၏ အခြေခံ အဆောက်အအုံများအပေါ် ပစ်မှတ်ထားတိုက်ခိုက်သည့် ဆင်းဒူးစစ်ဆင်ရေးကို ပြီးခဲ့သည့်သီတင်းပတ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ဆင်းဒူးစစ်ဆင်ရေးတွင် ပါကစ္စတန်၏ စစ်ရေးပစ်မှတ်များကို ပစ်မှတ်ထားခြင်း မရှိကြောင်း  အိန္ဒိယအစိုးရက ထုတ်ပြန်ထားသည်။

Source: https://myawady.net.mm/