နောင်ချိုမြို့နယ်အတွင်းရှိ TNLA အကြမ်းဖက်စခန်း ၂ ခုအား သိမ်းပိုက်ရရှိ

News Image

  • နောင်ချိုမြို့နယ်အတွင်းရှိ TNLA အကြမ်းဖက်စခန်း ၂ ခုအား သိမ်းပိုက်ရရှိ

နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသအတွင်းရှိ အကြမ်းဖက် TNLA စခန်း ၂ ခုအား မတ် ၁၂ ရက် နေ့လယ်ပိုင်းအချိန်က Surveillance Drone ဖြင့် ကင်းထောက်၍ ကွန်မန်ဒိုစစ်ကြောင်း ၂ ခု က တချိန်တည်းတပြိုင်တည်း ဝင်ရောက်တိုက်ခိုက်စီးနင်းနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားများအငိုက်မိ၍ အနည်းငယ်သာခုခံတိုက်ခိုက်နိုင်ပြီး အလောင်း/ လက်နက်များအား ဆိုင်ကယ်များဖြင့်ဆွဲယူထွက်ပြေးသွားခဲ့သည်။ စစ်ကြောင်းများမှာ ဆုတ်ခွာရန်သူနောက်သို့ ထပ်ကြပ် လိုက်လံ ချေမှုန်းလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်စခန်းမှ Type-81 သေနတ် ၁ လက်၊ ကျည်အိမ်များ၊ ကျည် ၈၅၀ တောင့်၊ မိုင်း မျိုးစုံ ၉ လုံး၊ RPG ဒုံးသီး ၁ လုံး၊ သဲအိတ်ဘန်ကာ ၁၀ လုံး၊ မြေခွေးကျင်း ၈ ကျင်း၊ ဆသရမြောင်း ၂၅၀ မီတာခန့်ရရှိခဲ့သည်။

ဒုတိယမြောက် TNLA အကြမ်းဖက်စခန်းတွင် ကျည်အိမ် ၈ ခု၊ ကျည် ၉၃၀ တောင့်၊ အီနာဂါ ၃ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ သဲအိတ်ဘန်ကာ ၁၁ လုံး၊ ပစ်ကျင်း ၉ ကျင်း၊ ဆသရမြောင်း ၁၅၀ မီတာခန့်၊ မှန်ပြောင်း ၁ လက် တို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

ကိုးကား-Myanmar National Post