ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် UNHCR ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

News Image

  • ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် UNHCR ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ရုံး၏ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Hai Kyung Jun နှင့်အဖွဲ့အား အောက်တိုဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံစဉ် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက် မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံခြင်းနှင့် သဘာဝဘေးကျရောက်ခဲ့သည့် အခြေအနေများ၊ လက်ရှိအစိုးရ၏ ဆောင်ရွက်လျက်ရှိသည့် အစီအမံများ၊ လူသားချင်းစာနာမှုအကူအညီများကို ဘေးဒဏ် သင့်‌ဒေသများရှိ ပြည်သူများလက်ဝယ်သို့ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး “မူ”ဖြင့် ဖြန့်ဖြူးပေးရန် ဆောင်ရွက်နေမှုအခြေအနေများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့်အခြေအနေများနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) အနေဖြင့် သဘာဝဘေးနှင့် ပဋိပက္ခဒဏ်သင့်ဒေသများမှ ပြည်သူများ၏ လူမှုဘဝ ပြန်လည် ထူထောင်ရေးအပေါ် အကူအညီပေးနိုင်မည့်အခြေအနေများနှင့် မြန်မာနိုင်ငံ၏ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ဝန်ကြီး ဌာနများနှင့် UNHCR အကြားနားလည်မှုစာချွန်လွှာများ ပုံမှန်သက်တမ်းတိုးဆောင်ရွက်သွားရေး တို့ကို ရင်းနှီးပွင့်လင်းစွာ အကြံပြုဆွေးနွေးခဲ့ကြသည်။

 တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဆွေဦးနှင့် အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

Source- မြန်မာ့အလင်း