စစ်သားအင်အား မလုံလောက်ခြင်းမှာ ယူကရိန်းအတွက် အဓိက ပြဿနာ ဖြစ်လာ
ယူကရိန်းအတွက် အကြီးမားဆုံးပြဿနာမှာ ရှေ့တန်းတပ်များအတွက် စစ်သားအင်အား အခက်အခဲဖြစ်နေကြောင်း Financial Times သတင်းစာက ဖော်ပြထားပါသည်။
ယူကရိန်းစစ်တပ်အတွက် လက်နက်များ သို့မဟုတ် မိုင်းများ ပြတ်လပ် ခြင်းမှာ စစ်သား အင်အား မလုံလောက်ခြင်းလောက် ဆိုးရွားမှုမရှိဟု ဥရောပအရာရှိများ ပြောကြားချက်ကို ကိုးကား၍ အဆိုပါသတင်းစာက ပြောကြားထားပါသည်။
တစ်လလျှင် စစ်သား ၃၀,၀၀၀ ခေါ်ရန် ရည်မှန်းထားသော်လည်း ၎င်းကို ပြည့်မီရန် လွန်စွာ အခက်အခဲရင်ဆိုင်နေရကြောင်း၊ မည်သူမျှ နောက်ဆုံး အလုပ်ခေါ်ခန့်ခြင်း သို့မဟုတ် တိုက်ပွဲတွင် သေဆုံးလိုခြင်း မရှိကြောင်း ဥရောပအရာရှိတစ်ဦးက ပြောကြားထားပါသည်။
လွန်စွာစိတ်မကောင်းစရာကောင်းသည်မှာ မိခင်များအနေဖြင့် အသက် ၁၆ နှစ်အရွယ်သားများကို တပ်မတော်ထဲ မဝင်စေလိုသဖြင့် ပြည်ပသို့ ထွက်ခွာစေကြရကြောင်း၊ ပြည်သူများအနေဖြင့် လုံခြုံရေး၊ စစ်ရေး သင်တန်း မတက်ရဘဲ လက်နက်မပါဘဲ စစ်မြေပြင်သို့ စေလွှတ်ခြင်းခံရမည် ကို ကြောက်ရွှံ့နေကြကြောင်း ဖော်ပြထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃