ရုရှားဗိုလ်ချုပ်ကြီး လုပ်ကြံခံရမှုအတွက် ယူကရိန်းအထူး တပ်ဖွဲ့ဝင်တစ်ဦးကို FSB က ဖမ်းဆီး
ရုရှားစစ်ဦးစီးချုပ်ရုံး၏ အဓိကစစ်ဆင်ရေးဌာန ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Yaroslav Moskalik အား လုပ်ကြံသတ်ဖြတ်မှုအတွက် သံသယရှိသူ ယူကရိန်းအထူးတပ်ဖွဲ့၏ အေးဂျင့်တစ်ဦးကို FSB က ဧပြီ ၂၆ ရက်တွင် ဖမ်းဆီးလိုက်ပါသည်။
ဖမ်းဆီးခံရသူ အမည်မှာ အိဂ်နတ် ကုဇင် ဖြစ်ပြီး ယူကရိန်း နေထိုင်ခွင့် လက်မှတ်ကိုင်ဆောင်ထားသူ ၁၉၈၃ ခုနှစ်ဖွား ယူကရိန်းအထူးတပ်ဖွဲ့၏ အေးဂျင့်တစ်ဦးဖြစ်ကြောင်း FSB ပြည်သူ့ဆက်ဆံရေးဌာနက ကြေညာထား ပါသည်။
FSB ၏ စုံစမ်းမှုအရ ကုဇင်သည် ယူကရိန်းအထူးတပ်ဖွဲ့ SBU သို့မဟုတ် GUR နှင့် ဆက်စပ်နေသည်ဟု သံသယရှိကြောင်း ဖော်ပြထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category