ဓားစာခံဖမ်းဆီးသွားသည့် စစ်သွေးကြွအားလုံးကို ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့က ချေမှုန်း၍ ခရီးသည်အားလုံးကို ကယ်ဆယ်

News Image

  • ဓားစာခံဖမ်းဆီးသွားသည့် စစ်သွေးကြွအားလုံးကို ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့က ချေမှုန်း၍ ခရီးသည်အားလုံးကို ကယ်ဆယ်

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်၌ ခရီးသည်တင် မီးရထားတစ်စင်းအား တိုက်ခိုက်ပြီး ခရီးသည်များအား ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သည့် စစ်သွေးကြွအားလုံးကို လုံခြုံရေးတပ်ဖွဲ့က ချေမှုန်း၍ ဓားစာခံအားလုံးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

မီးရထားအား  တိုက်ခိုက်ခဲ့သည့် စစ်သွေးကြွအဖွဲ့မှာ ဘာလော့ခွဲထွက်ရေးအဖွဲ့ဖြစ်ပြီး    ပါကစ္စတန်တပ်မတော်က အဆိုပါ စစ်သွေးကြွများကို  ချေမှုန်း၍ ဓားစာခံကယ်ဆယ်ရေး မစ်ရှင်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ပါကစ္စတန်ပြန်ကြားရေးဝန်ကြီး     အက်တာအူလာ တာရာက မတ်လ ၁၂ ရက်က  ပြောကြားသည်။

အဆိုပါမစ်ရှင်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်သွေးကြွ ၃၃ ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။ စစ်သွေးကြွများသည် အစောပိုင်းတွင် ၎င်းတို့ ဖမ်းဆီးထားသည့် ဓားစာခံ ၂၁ ဦးအား သတ်ဖြတ်ခဲ့ကြောင်း အာဏာပိုင်အဖွဲ့က   ထုတ်ပြန်သည်။

အဆိုပါမစ်ရှင်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် အချို့လည်း သေဆုံးခဲ့ကြောင်း  သိရသည်။

ဘာလော့ခွဲထွက်ရေးအဖွဲ့သည် မတ်လ၁၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ခန့်က  Jaffar ခရီးသည်တင် အမြန်ရထားအား အာဖဂန်နစ္စတန်နှင့် အီရန်နှစ်နိုင်ငံကြားနယ်စပ် တောင်တန်းထူထပ်ရာ ဆီဘီခရိုင်တွင် စီးနင်းတိုက်ခိုက်ပြီး ခရီးသည် ၄၄၀ ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် ၎င်းတို့ဖမ်းဆီးထားသည့် စစ်သွေးကြွအဖွဲ့ဝင်များအား ပြန်လွှတ်ပေးရန် သဘောတူပါက ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် ခရီးသည်များအား ပြန်လွှတ်ပေးရန် အသင့်ရှိသည်ဟု အဆိုပါ စစ်သွေးကြွအဖွဲ့မှ   ပြောရေးဆိုခွင့်ရှိသူ ဂျီးယန်ဘာလေ့က အစောပိုင်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။

Source: https://myawady.net.mm/