ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုက ၂၀၂၄  ခုနှစ်တွင် ဒေါ်လာ ၃၃ ထရီလီယံအထိ စံချိန်တင်မြင့်တက်

News Image

  • ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုက ၂၀၂၄  ခုနှစ်တွင်  ဒေါ်လာ ၃၃ ထရီလီယံအထိ စံချိန်တင်မြင့်တက်

ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုသည် ၂၀၂၄ခုနှစ်တွင် ဒေါ်လာ ၃၃ ထရီလီယံအထိ စံချိန်တင်မြင့်တက်လာခဲ့သည်ဟု  ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ကထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြသည်။

ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုမြင့်တက်လာခြင်း၏ အဓိကအကြောင်းရင်းမှာဝန်ဆောင်မှုများကြောင့်ဖြစ်ပြီး အဆိုပါ ကဏ္ဍတိုးတက်မှုသည် စုစုပေါင်းကုန်သွယ်မှု ပမာဏ၏ ၆၀ ရာခိုင်နှုန်းရှိသည်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်၏ ကုန်သွယ်မှုပမာဏထက်  ၃  ဒသမ  ၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့ကုန်သွယ်မှု နောက်ဆုံးရအချက်အလက်များဟု အမည်ပေးထားသည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။

ထို့ပြင် ကမ္ဘာ့ကုန်သွယ်မှုတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ကုန်သွယ်မှုပမာဏသည် ဖွံ့ဖြိုး ပြီးနိုင်ငံများ၏  ကုန်သွယ်မှုပမာဏကို ကျော်တက်လာပြီး ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကုန်သွယ်မှုပမာဏမှာ နှေးကွေးနေခဲ့သည်။

ယခု ၂၀၂၅ ခုနှစ် အစောပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုသည် တည်ငြိမ်လျက်ရှိသော်လည်း နိုင်ငံများကြား ပထဝီစီးပွားရေးတင်းမာမှုများ၊ မိမိနိုင်ငံ၏အကျိုး စီးပွားကိုကာကွယ်သည့် မူဝါဒများနှင့် ကုန်သွယ်ရေးအငြင်းပွားမှုများကြောင့် ကမ္ဘာ့ကုန်သွယ်မှုကို ရပ်တန့်စေနိုင်သည်ဟု ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကထုတ်ပြန်သည့် အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။

Ref: Xinhua

Source: https://myawady.net.mm/