ကာ့ဒ်ရှိ ယူကရိန်းတပ်ဖွဲ့ဝင်များ လက်နက်ချရန် ငြင်းဆိုပါက ဆိုးဆိုး ရွားရွား ဖျက်ဆီးခံရမည်ဖြစ်ကြောင်း ဒီမီထရီမက်ဗီဒက်က ပြောကြား
ကာ့ဒ်ဒေသရှိ ယူကရိန်းတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချရန် ငြင်းဆိုပါက ဆိုးဆိုးရွားရွားဖျက်ဆီးခံရမည်ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်က ပြောကြားလိုက်ပါသည်။ အစောပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ကာ့ဒ်ဒေသအနီးတွင် လက်နက်ချထားသော ယူကရိန်းစစ်သားများကို အသက်အန္တရာယ်အတွက် သင့်လျော်သည့် ဆေးကုသမှုပေးရန် အာမခံချက်ပေးထားကြောင်း လုံခြုံရေးကောင်စီကို ညွှန်ကြားထားပါသည်။
“အဆိုပါအပြုအမူသည် မိမိတို့နိုင်ငံအတွက် အလွန် လူသားဆန်သော အပြုအမူ ဖြစ်သော်လည်း ယူကရိန်း နာဇီများအတွက်တော့ လက်နက်ချရန် ငြင်းဆိုလာပါက ညှာတာမှုကင်းမဲ့စွာဖြင့် ချေမှုန်းပစ်ရမည် ဖြစ်ပါ ကြောင်း” ဒီမီထရီမက်ဗီဒက်က ၎င်း၏ Telegram ချန်နယ်တွင် ရေးသား ခဲ့သည်။
ယူကရိန်းအစိုးရအနေဖြင့် ၎င်း၏ စစ်သားများကို ကယ်တင်ရန် အခွင့်အရေး လိုချင်ပါက လာမည့်နာရီပိုင်းများတွင် ပြသပေးသွားမည် ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ မတ် ၁၃ ရက်တွင် “ရုရှားသည် ကာ့ဒ်ဒေသရှိ အခြေအနေများကို အပြည့်အဝ ထိန်းချုပ်ထားပြီး ယူကရိန်းတပ်သား တစ်စုသည် အထီးကျန်စွာပိတ်ဆို့နေခဲ့သည်” ဟု ပူတင်က ပြောကြား ထားပါသည်။ ရုရှားသမ္မတဗလာဒီမာပူတင်သည် မတ်လ ၁၂ ရက်က ကာ့ခ် ဒေသကွပ်ကဲမှုစခန်းများသို့ ကွင်းဆင်းသွားရောက်ခဲ့ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃