ထရမ့်ကြောင့် နေတိုးနိုင်ငံအချင်းချင်း စစ်ဖြစ်သွားနိုင်သည်ဟု ဒိန်းမတ် ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ ဆို

News Image

  • ထရမ့်ကြောင့် နေတိုးနိုင်ငံအချင်းချင်း စစ်ဖြစ်သွားနိုင်သည်ဟု ဒိန်းမတ် ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ ဆို

ဂရင်းလန်းကိုသိမ်းပိုက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစီအစဉ်သည် အမေရိကန်နှင့် ဒိန်းမတ်ကြား စစ်ပွဲဖြစ်လာနိုင်သည်ဟု ဒိန်းမတ်လွှတ်တော်အမတ်နှင့် ကာကွယ်ရေးကော်မတီဥက္ကဋ္ဌ ရက်စ်မက်စ် ဂျာလော့ဗ်က သတိပေးလိုက်ပါသည်။ ဂရင်းလန်းကျွန်းကို အမေရိက သို့ ပေးအပ်ရန်ဆိုသည်မှာ ဒိန်းမတ်အစိုးရအတွက် မေးခွန်းထုတ်ရန် မလိုသည့် မေးခွန်းဖြစ်သည်ဟု ၎င်းကဆိုပါသည်။ 

ထရမ့်နှင့် နေတိုးအထွေထွေအတွင်းရေးမှူး မက်ခ်ရက်တီတို့ တွေ့ဆုံ ပြီးနောက် ဂရင်းလန်းကိစ္စအပေါ် ဆွေးနွေးခဲ့ကြပြီး ထရမ့်က ဖြစ်နိုင် ဖွယ်ရာရှိကြောင်း အကြံပြုခဲ့ပြီး နေတိုး၏ ကာကွယ်ရေးအတွက်လည်း အရေးကြီးသည်ဟု ပြောခဲ့ပါသည်။ ရက်တီက အဆိုပါအကြံကို မထောက် ခံသော်လည်း အာတိတ်ဒေသအတွင်း၌ တိုးပွားလာသည့် တရုတ်နှင့် ရုရှားတို့၏ ခြေဆန့်မှုသည် ဥရောပနှင့် အမေရိကား၏ လုံခြုံရေး ဆိုင်ရာ စိုးရိမ်မှုကို မြင့်တက်လာစေခြင်းကို လက်ခံခဲ့ပါသည်။ 

ဂျာလောဗ်က ဒိန်းမတ်အနေဖြင့် ဂရင်းလန်းအားထိန်းချုပ်မှုကို စွန့်လွှတ် ရန်မှာ မဖြစ်နိုင်ကြောင်း အကြိမ်ကြိမ်ငြင်းဆိုခဲ့ပြီး နေတိုးနိုင်ငံနှစ်ခုကြား စစ်ပွဲဖြစ်လာနိုင်သည်ကို နားလည်ရန်လိုသည်ဟု ပြောသည်။ ဂရင်းလန်း အတွက် “အမေရိကန်နှင့်ပူးပေါင်းခြင်းသည် မေးခွန်းထုတ်စရာ မရှိကြောင်း” နှင့် “အမေရိကန်က စစ်ရေးအရ ကျူးကျော်မှု လုပ်ဆောင်လာနိုင်သည်” ဟု ၎င်း၏ X မီဒီယာတွင် ရေးသားခဲ့ပါသည်။

ဂရင်းလန်းကျွန်း၌ အဖိုးတန်တွင်းထွက်သယံဇာတများနှင့် စစ်ရေးအရ မဟာဗျူဟာကျသည့် အနေအထားရှိခြင်းကြောင့် ထရမ့်က လွန်ခဲ့သော ကာလများစွာကပင် စိတ်ဝင်စားခဲ့သည်။ ဒိန်းမတ်ကိုလိုနီဟောင်း ဂရင်းလန်းသည် ၁၉၇၉ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိခဲ့သော်လည်း နိုင်ငံခြားရေးမူဝါဒ၊ ကာကွယ်ရေးနှင့် ငွေကြေးမူဝါဒဆိုင်ရာ ကိစ္စရပ်များတွင် ကိုပင်ဟေဂင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသည်။ 

ဒိန်းမတ်လွှတ်တော်တွင်း မဲခွဲမှုများတွင် ထရမ့်၏ အစီအစဉ်များကို ဆန့်ကျင် နေဆဲဖြစ်သော်လည်း အခြေအနေပြောင်းလဲသွားနိုင်ကြောင်း ကျွမ်းကျင် သူများက သတိပေးထားသည်။ ဒိန်းမတ်ရွေးကောက်ပွဲ၌ ဒီမိုကရက်များ သည် အမတ်နေရာအများစုကို အနိုင်ရခဲ့သော်လည်း အစိုးရမဖွဲ့နိုင်ခြင်း ကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် လိုအပ်မည်ဖြစ်သည်။ ဒုတိယအင်အား အကြီးဆုံးပါတီဖြစ်သော နာလာရက်ပါတီက အမေရိကန်နှင့် ပိုမိုနီးကပ် သောဆက်ဆံရေးရှိနေခြင်းကြောင့် ဂရင်းလန်းက အမေရိကကို ရောက်သွား နိုင်ကြောင်း သုံးသပ်ထားပါသည်။ 

ကိုးကား-Myanmar National Post