ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယားနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေဆုံ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် တိုကျိုမြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Daba Debele Hunde ကို ဇူလိုင်လ ၁၀ ရက်တွင် နေပြည်တော်ရှိ အဆိုပါရုံး ဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် မြန်မာနှင့် အီသီယိုးပီးယားနိုင်ငံတို့၏ လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ များ၊ မြန်မာနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့အကြား နှစ်နိုင်ငံရှိရင်းစွဲ ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဆောင် ရွက်နိုင်ရေး၊ ကုန်သွယ်ရေး ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ သဘာဝ ဘေးတုံ့ပြန်ဆောင်ရွက်မှု အတွေ့အကြုံများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အရာရှိကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၇-၂၀၂၄)
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယားနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေဆုံခဲ့ပြီး မြန်မာနှင့် အီသီယိုးပီးယားနိုင်ငံတို့၏ လက်ရှိနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့အကြား နှစ်နိုင်ငံရှိရင်းစွဲ ဆက်ဆံရေးကို ပိုမိုတိုး မြှင့်ဆောင်ရွက်နိုင်ရေး၊ ကုန်သွယ်ရေး ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ သဘာဝဘေးတုံ့ပြန်ဆောင်ရွက်မှု အတွေ့အကြုံများအပေါ် ဆွေးနွေးခဲ့။