ဟူသီလက်နက်ကိုင်အဖွဲ့ကို နှိမ်နှင်းမည့် ကြီးမားသောစစ်ဆင်ရေးတစ်ရပ်ကို အမေရိကန် စတင်
ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို နှိမ်နှင်းမည့် ကြီးမားသည့် စစ်ဆင်ရေးတစ်ရပ်ကို အမေရိကန်က စတင်လိုက်ပြီဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ စစ်ဆင်ရေးတွင် ဟူသီလက်နက်ကိုင်အဖွဲ့၏ အခြေစိုက်စခန်းများ၊ ခေါင်းဆောင်များနှင့် ဒုံးကျည်ကာကွယ်ရေးစနစ်များကို လေကြောင်းမှ တိုက်ခိုက်မှုများ ပါဝင်မည်ဖြစ်ပြီး ပင်လယ်နီအတွင်း ရေကြောင်းလွတ်လပ်စွာသွားလာခွင့် ပြန်လည်ရရှိရန် ရည်မှန်းထားခြင်းဖြစ်သည်ဟု ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။
ထို့အပြင် ဟူသီလက်နက်ကိုင်အဖွဲ့သည် အမေရိကန်နှင့် အခြားနိုင်ငံများ၏ သင်္ဘောများနှင့်လေယာဉ်များကို အကြမ်းဖက်မှုများ အဆက်မပြတ် လုပ်ဆောင်နေကြောင်း ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုခဲ့ပါသည်။ ၎င်းအပြင် ဟူသီလက်နက်ကိုင်အဖွဲ့သည် စူးအက်တူးမြောင်း၊ ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တို့၌ နိုင်ငံတကာကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများကို နှောင့်ယှက်နေကြောင်းလည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။
ဒေါ်နယ်ထရမ့်က “အမေရိကန်အလံတင်ကုန်တင်သင်္ဘောများ ဘေးကင်းစွာ နှင့် ဖြတ်သန်းသွားလာခြင်းမပြုခဲ့ရသည်မှာ တစ်နှစ်ကျော်ခန့်ရှိခဲ့ပြီး ဟူသီ လက်နက်ကိုင်အဖွဲ့သည် ထိုကဲ့သို့သောတိုက်ခိုက်မှုများကို မရပ်တန့် ပါက ဆိုးရွားသည့် အကျိုးဆက်များနှင့်ရင်ဆိုင်ရလိမ့်မည်”ဟု သတိပေး ပြောဆိုခဲ့ပါသည်။
ကိုးကား-NP News