အပစ်အခတ်ရပ်စဲရေးအတွက် ရုရှားနှင့်အမေရိကန်တို့က မကြာမီ သဘောတူညီချက်ချမှတ်နိုင်မည်ဟု အမေရိကန်အထူးသံတမန်ပြော

News Image

  • အပစ်အခတ်ရပ်စဲရေးအတွက် ရုရှားနှင့်အမေရိကန်တို့က မကြာမီ သဘောတူညီချက်ချမှတ်နိုင်မည်ဟု အမေရိကန်အထူးသံတမန်ပြော

ဝါရှင်တန်၊ အပစ်အခတ်ရပ်စဲရေး

ယူကရိန်းနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးအတွက် ရုရှားနှင့်အမေရိကန်တို့က မကြာမီ သဘောတူညီချက်ချမှတ်နိုင်မည်ဟု အမေရိကန်အထူးသံတမန် စတိဝှစ်တော့က ပြောကြားလိုက်ကြောင်း  သိရသည်။

ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတဒေါ်နယ် ထရမ့်တို့ကြား တယ်လီဖုန်းမှတစ်ဆင့်   ပြောဆိုဆွေးနွေးမှုများကိုမတ်လ ၁၈ ရက်တွင် လုပ်ဆောင်နိုင်ဖွယ်ရှိသည်ဟု သမ္မတဒေါ်နယ်ထရမ့်၏ အထူးသံတမန် စတိဝှစ်တော့က အမေရိကန် မီဒီယာတစ်ခုသို့ မတ်လ   ၁၆ ရက်တွင် ပြောကြားခြင်းဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးနှင့်စပ်လျဉ်း၍ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မားကို့ရူဘီယိုတို့၏ ဆော်ဒီအာရေဗျနိုင်ငံအတွင်း ကျင်းပသည့် စေ့စပ်ဆွေးနွေးပွဲများမှလည်း  အပြုသဘောဆောင်သည့် ရလဒ်များထွက်ပေါ်လာခဲ့ကြောင်း ၎င်းက  ဆက်လက်ပြောကြားသည်။

ထို့ပြင် စတိဝှစ်တော့၏  ရုရှားနိုင်ငံခရီးစဉ်တွင်လည်း ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံ၍ အမေရိကန်နှင့် ယူကရိန်းအစိုးရတို့က သဘောတူထားသည့် အပစ်အခတ်ရပ်စဲရေးအဆိုပြုချက် အသေးစိတ်ကို ပူတင်ထံသို့ပေးအပ်ခဲ့သည်။

အဆိုပါခရီးစဉ်တွင် စတိဝှစ်တော့နှင့် သမ္မတပူတင်တို့ကြားဆွေးနွေးမှုသည် ၃ နာရီခွဲ ခန့် ကြာမြင့်ခဲ့ပြီး ၎င်းဆွေးနွေးမှုသည် အပြုသဘောဆောင်သည့် အကျိုးဆက်များကို ထွက်ပေါ်လာစေခဲ့သည်ဟု စတိဝှစ်တော့က ပြောကြားခဲ့ကြောင်း   သိရသည်။                                  

Ref: RT

Source: https://myawady.net.mm/