အစ္စရေး၏ ကြိုကြားကြိုကြားတိုက်ခိုက်မှုများကြောင့် ထိလွယ်ရှလွယ် ဖြစ်လာသည့် ဂါဇာအပစ်ရပ်ရေး

News Image

  • အစ္စရေး၏ ကြိုကြားကြိုကြားတိုက်ခိုက်မှုများကြောင့် ထိလွယ်ရှလွယ် ဖြစ်လာသည့် ဂါဇာအပစ်ရပ်ရေး

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ ဒုတိယအဆင့် ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်နေချိန်တွင် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသတွင် ကြိုကြားကြိုကြား တိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိသည်။

အစ္စရေးနှင့် ဟားမက်တို့သည် သဘောတူညီချက်၏ ဒုတိယအဆင့်အတွက် သဘောထားကွဲလွဲမှုများ ရှိနေသည်။ ဒုတိယအဆင့်တွင် အစ္စရေးတပ်များကို နယ်မြေတွင်းမှ လုံးဝဆုတ်ခွာရန်နှင့် တိုက်ပွဲများ အပြီးတိုင် အဆုံးသတ်ရန် တောင်းဆိုထားသည်။

သို့သော် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုများမှာ ကြိုကြားကြိုကြား ဆက်တိုက်ဖြစ်နေသည်။ အစ္စရေးက မတ်လ ၁၆ ရက်(တနင်္ဂနွေနေ့)တွင် ဂါဇာအလယ်ပိုင်းကို မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုအတွင်း လူ (၁)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် လူ (၉) ဦး သေဆုံးခဲ့သည့် အစ္စရေးက ဂါဇာမြောက်ပိုင်း တိုက်ခိုက်မှုပြီး တစ်ရက် အကြာတွင် ဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း လူပေါင်း ၄၈,၅၇၂ ဦး သေဆုံးခဲ့ရကြောင်း ဂါဇာဒေသ ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက မတ်လ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ကိုးကား- NHK World

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)