အစ္စရေးက ဂါဇာရှိ ဟားမက်တို့အား လေကြောင်းမှတိုက်ခိုက်ရာ အနည်းဆုံး လူ (၂၀၀ )ဦး သေဆုံး
မတ်လ (၁၈) ရက်နေ့ နံနက်အစောပိုင်းတွင် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်တို့ကို ပစ်မှတ်ထားကာ ကြီးမားသည့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က ထုတ်ဖော်ပြောကြား ခဲ့သည်။
အစ္စရေး၏ အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ (၂၀၀) ဦး သေဆုံးခဲ့ပြီး အများစုမှာ ကလေးသူငယ်များဖြစ်ကြောင်းပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။
ယခုတိုက်ခိုက်မှုသည် ဇန်နဝါရီလမှစ၍ ယာယီအပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုဟု ဆိုနိုင်ပေသည်။
ယခုလေကြောင်းတိုက်ခိုက်မှုသည် ဂါဇာမြောက်ပိုင်းအပါအဝင် ဂါဇာမြို့နှင့် Deir al-Balah မြို့၊ ဂါဇာ အလယ်ပိုင်းရှိ Khan Younis မြို့နှင့် Rafah မြို့နှင့် တောင်ပိုင်းဂါဇာကမ်းမြောင်ဒေသစသည့်နေရာစုံကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Reuters သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- Reuters
အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)