စေ့စပ်ညှိနှိုင်းမှုများကို တိုက်ပွဲများဖြစ်ပွားနေသော်လည်း ဆက်လက် ဆောင်ရွက်သွားမည် ဟု အစ္စရေးဝန်ကြီးချုပ်ပြော
မတ်လ ၁၈ ရက်နေ့တွင် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး က လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ခြင်းသည် ဟားမက်ကြောင့်ဖြစ်သည်ဟု အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဆိုသည်။
အဆိုပါတိုက်ခိုက်မှုနောက်ပိုင်း ထုတ်ပြန်ခဲ့သည့် ဗီဒီယိုတစ်ခုတွင် Netanyahu က ယင်းကဲ့သို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ ဟားမက်သည် အစ္စရေးနိုင်ငံသား ဓားစာခံများကို လွှတ်ပေးရေးအပါအဝင် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အမေရိကန်၏အဆိုပြုချက်ကို ငြင်းပယ်ခဲ့ကြောင်း Netanyahu က ပြောသည်။
Netanyahu က ဟားမက်အနေဖြင့် ဓားစာခံများကိုလွှတ်မပေးပါက တိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်ဟုဆိုပါသည်။
အစ္စရေးသည် ယခုအချိန်မှစတင်ကာ ဟားမက်နှင့်ပတ်သက်သည့် အရေးကိစ္စများကို ပြင်းပြင်းထန်ထန် တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုများကို တိုက်ပွဲများဖြစ်ပွားနေသော်လည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုပါသည်။
ကိုးကား-NHK World
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂