စွမ်းအင်အခြေခံအဆောက်အအုံများ မတိုက်ခိုက်ရန် ထရမ့်နှင့် ပူတင် ကြား သဘောတူပြီးနောက် ရုရှားနှင့်ယူကရိန်းတို့ လူနေအခြေခံအဆောက်အအုံများကို လေကြောင်းမှ အပြန်အလှန် တိုက်ခိုက်ကြ
ရက် ၃၀ အတွင်း စွမ်းအင်အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြင်း မပြုလုပ်ရန် မတ် ၁၈ တွင် ဒေါ်နယ်ထရမ့်နှင့် ပူတင်တို့က သဘောတူညီကြပြီးနောက် မကြာမီတွင်ပင် ရုရှားနှင့်ယူကရိန်းတို့အကြား လူနေအခြေခံအဆောက်အအုံများကို လေကြောင်းမှတစ်ဆင့် အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြကြောင်း ရိုက်တာက ဖော်ပြထားပါသည်။
ပူတင်က ဒေါ်နယ်ထရမ့်တောင်းဆိုသော စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခြင်းမပြုလုပ်ရန် သဘောတူညီခဲ့သော်လည်း ရက် ၃၀ အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းချက်ကိုမူ အပြည့်အဝထောက်ခံရန် ငြင်းဆိုခဲ့ပါသည်။
ထရမ့်နှင့်ပူတင်တို့ ဖုန်းဖြင့် ဆွေးနွေးကြမှုအပြီးတွင် ရုရှားက ယူကရိန်း ဒေသ၊ ဆူမီမြို့ရှိ ဆေးရုံ ၂ ရုံကို ဒရုန်းဖြင့် တိုက်ခိုက်ရာ မီးလောင်ကျွမ်းခဲ့ရကြောင်း၊ တစ်ဖက်တွင်လည်း ယူကရိန်းက ရုရှားဒေသရှိ နိုင်ငံပိုင် ခရစ်စနိုဒါးဒ်ဒေသရှိ ရေနံသိုလှောင်ကန်ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း ရိုက်တာက ဖော်ပြထားပါသည်။
ကိုးကား- Reuters
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃