သာသနာတော်နှစ် ၂၅၆၈ -၂၅၆၉ ခုနှစ် သက္ကရာဇ် ၁၃၈၆ - ၁၃၈၇ ခုနှစ် မဟာသင်္ကြန် အကျ-အကြတ်-အတက်-နှစ်ဆန်း (၁) ရက်နှင့် ဝါဆို - ဝါကပ် - လ - ရက်နှင့်နေ့များ
၁။ မဟာသင်္ကြန် အကျရက်
ဇေယတု - မြန်မာသက္ကရာဇ် - ၁၃၈၆ ခုနှစ်၊ နှောင်းတန်ခူး လပြည့်ကျော် (၂) ရက်
ရခိုင်သက္ကရာဇ်-၁၃၈၆ ခုနှစ် တာကူးလပြည့်ကျော် (၂) ရက်
ခရစ်နှစ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၄) ရက် တနင်္လာနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ မြန်မာစံတော် ချိန် နံနက်စက် ၆ - နာရီ၊ ၃၇ - မိနစ်၊၂၁ - စက္ကန့် အချိန်တွင် မဟာသင်္ကြန်ကျပါသည်။
၂။ မဟာသင်္ကြန် အကြတ်ရက်
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၃) ရက်
ရခိုင်သက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တာကူးလပြည့်ကျော် (၃) ရက်
ခရစ်နှစ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၅) ရက် အင်္ဂါနေ့သည် မဟာ သင်္ကြန်အကြတ်ရက်ဖြစ်ပါသည်။
၃။ မဟာသင်္ကြန် အတက်ရက်
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၄) ရက်
ရခိုင်သက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တာကူးလပြည့်ကျော် (၄) ရက်
ခရစ်နှစ် ၂ဝ၂၅ ခုနှစ်၊ ဧပြီလ (၁၆) ရက်၊ ဗုဒ္ဓဟူးနေ့ မြန်မာ စံတော်ချိန် နံနက် စက် ၁၀-နာရီ၊ ၄၂-မိနစ်၊ ၃-စက္ကန့် အချိန် တွင် မဟာသင်္ကြန်တက်ပါသည်။
၄။ မြန်မာ-ရခိုင်-နှစ်ဆန်း ၁ ရက်
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဦးတန်ခူးလပြည့်ကျော် (၅) ရက်
ရခိုင်သက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တာကူးလပြည့်ကျော် (၅) ရက်
ခရစ်နှစ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၇) ရက် ကြာသပတေးနေ့သည် မြန်မာ-ရခိုင် နှစ်ဆန်း (၁) ရက်နေ့ ဖြစ်ပါသည်။
၅။ ရဟန်းတော်များအတွက် ဝါဆို-ဝါကပ်-လ- ရက်များ
ဤ ၁၃၈၇ ခုနှစ်တွင် ဝါဆိုဝါကပ်လထပ်ရက်ငင်မရှိပါ၍ ဗုဒ္ဓ ဘာသာ သာသနာတော်ဝန်ထမ်း ရဟန်းတော်အရှင်သူမြတ်တို့မှာ မြန်မာသက္ကရာဇ် - ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁) ရက်၊ ရခိုင် သက္ကရာဇ်-၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁) ရက်၊ ခရစ်နှစ်၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်၊ ကြာသပတေးနေ့တွင် ပထမပုရိမဝါကပ် ဆိုတော်မူကြရမည်ဖြစ်ပါသည်။
ဒုတိယပစ္ဆိမဝါကို မြန်မာရခိုင်သက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁) ရက်နေ့၊ ခရစ်နှစ် ၂ဝ၂၅ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့၊ စနေနေ့တွင် ကပ်ဆိုတော်မူကြရမည်ဖြစ်ပါသည်။
ဦးပညိန္ဒ ဦးပြေငြိမ်း
ဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌ
Source: https://www.moi.gov.mm