ကိယက်ဗ်သည် မက်ဒေါ်နယ်လ် (McDonald’s) ကို အသုံးပြု၍ ၎င်း၏ တပ်အင်အားကို ပြန်လည်ဖြည့်တင်းနိုင်ရန် စည်းရုံး

News Image

  • ကိယက်ဗ်သည် မက်ဒေါ်နယ်လ် (McDonald’s) ကို အသုံးပြု၍ ၎င်း၏ တပ်အင်အားကို ပြန်လည်ဖြည့်တင်းနိုင်ရန် စည်းရုံး

ယူကရိန်းသည် ၎င်း၏စစ်မှုထမ်းအင်အား လိုအပ်ချက် ကြီးမားလာမှုအပေါ် ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် စည်းရုံး လှုံ့ဆော်လျက်ရှိပြီး ယခုတစ်ဖန် မက်ဒေါ်နယ်လ် (McDonald’s)၏ ချိစ်ဘာဂါများကို အသုံးပြု၍ လှုံ့ဆော်မှုပြုလုပ်ထားသည့် ဗီဒီယိုတစ်ခု ဖန်တီးကာ လှုံ့ဆော်စည်းရုံးလျက်ရှိကြောင်း သတင်းဌာနများက ဖော်ပြလျက်ရှိသည်။ 

ယူကရိန်းစစ်တပ်သည် လူငယ်စစ်သားများ ပိုမိုစုဆောင်းနိုင်ရန် မက်ဒေါ်နယ်လ် (McDonald’s) ၏ ချိစ်ဘာဂါများကို အသုံးပြု၍ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည့် သတင်းသည် ယူကရိန်း၏ လက်ရှိစစ်ရေး အခြေအနေနှင့် လူမှုစီးပွားရေး စိန်ခေါ်မှုများကို ထင်ဟပ်လျက်ရှိသည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက TikTok တွင် ဗီဒီယိုတစ်ခုလွှင့်တင်ကာ စစ်တပ်တွင် ဝင်ရောက်အမှုထမ်းပါက ချိစ်ဘာဂါ ၁၅,၆၂၅ ခု ဝယ်ယူနိုင်သည့် ငွေပမာဏ အမေရိကန်ဒေါ်လာ ၂၄,၀၀၀ ရရှိမည်ဟု ပြသခဲ့ပြီး အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြား လူငယ်များကို ဦးတည်ထားသည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနမှ လူငယ်များအား တစ်နှစ်တာ စစ်မှုထမ်းပါက အမေရိကန်ဒေါ်လာ ၂၄,၀၀၀ ပေးမည်ဟု ကတိပြုခဲ့သည်။ သို့သော် အဆိုပါအစီအစဉ်သည် အခြားစစ်မှုထမ်းများအတွက် မညီမျှမှုများကို ဖြစ်စေနိုင်သည်ဟု ဝေဖန်မှုများ ရှိခဲ့သည်။ 

ဖော်ပြချက်များအရ ယူကရိန်း၏ စစ်ရေးနှင့် လူမှုရေး စိန်ခေါ်မှုများကို ထင်ဟပ်စေသည့် အရေးပါသောဖြစ်ရပ်တစ်ခုဖြစ်ပြီး စစ်ပွဲ၏ ဆိုးရွားသော သက်ရောက်မှုများကို သတိပေးနေသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂