ယူကရိန်းသို့ ယူရို ၅ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့မည့်အစီအစဉ် ဥရောပကောင်စီ အစည်းအဝေး၌ ဆုံးဖြတ်နိုင်ခဲ့ခြင်းမရှိ

News Image

  • ယူကရိန်းသို့ ယူရို ၅ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့မည့်အစီအစဉ် ဥရောပကောင်စီ အစည်းအဝေး၌ ဆုံးဖြတ် နိုင်ခဲ့ခြင်းမရှိ

မတ်လ ၂၀ ရက်နေ့တွင် ကျင်းပခဲ့သည့် ဥရောပကောင်စီအစည်းအဝေး၌ ယူကရိန်းအစိုးရသို့ စစ်လက်နက်ပစ္စည်း အကူအညီများ ထပ်မံပေးအပ်ရေးအတွက် လက်တွေ့ကျသည့်ဆုံးဖြတ်ချက် တစ်စုံတစ်ရာမျှချမှတ်နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း သတင်းရရှိပါသည်။

အစည်းအဝေး၏ အပြီးသတ်ဆုံးဖြတ်ချက်တွင် ယူရို ၅ ဘီလီယံသို့ လျှော့ချပြီး အကူအညီပေးမည့်အစီအစဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဆွေးနွေးပြောကြားခဲ့ခြင်းမရှိသကဲ့သို့ ဥရောပသဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဖြစ်သူ Kaja Kallas က ယခင်တင်သွင်းခဲ့သည့် ယူရို ၄၀ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်း အကူအညီပေးရေး အစီအစဉ်ကိုလည်း ဆွေးနွေးခဲ့ခြင်းမရှိပေ။

ယူကရိန်းသို့ ယူရို ၅ ဘီလီယံအကူအညီပေးရေးအစီအစဉ်ကို အီးယူအဖွဲ့ဝင် (၂၆) နိုင်ငံက သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း ဟန်ဂေရီနိုင်ငံက လက်မှတ်ရေးထိုးခဲ့ခြင်းမရှိသဖြင့် အဆိုပါကိစ္စကို လာမည့် ဇွန်လ နှောင်းပိုင်းတွင် ကျင်းပမည့်အစည်းအဝေးမှသာ ထည့်သွင်းဆွေးနွေးသွားနိုင်လိမ့်မည်ဖြစ်ကြောင်း TASS သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား-TASS

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)