ကမ္ဘာပေါ်ရှိ ဗဟိုဘဏ်များက ဒေါ်လာငွေကြေးအစား ရွှေချောင်း ၁၀၄၄ ဒသမ ၆ မက်ထရစ်တန်ချိန်ကို အရန်အဖြစ် သိုလှောင်ရန် ဝယ်ယူ

News Image

  • ကမ္ဘာပေါ်ရှိ ဗဟိုဘဏ်များက ဒေါ်လာငွေကြေးအစား ရွှေချောင်း ၁၀၄၄ ဒသမ ၆ မက်ထရစ်တန်ချိန်ကို အရန်အဖြစ် သိုလှောင်ရန် ဝယ်ယူ

ကမ္ဘာပေါ်ရှိဗဟိုဘဏ်များသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ရွှေချောင်း ၁၀၄၄ ဒသမ ၆ မက်ထရစ်တန်ချိန်ကို အရန်အဖြစ်သိုလှောင်ရန် ဝယ်ယူခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီက ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

ကမ္ဘာ့နိုင်ငံများရှိ ဗဟိုဘဏ်များသည် ဒေါ်လာငွေကြေးအစား ရွှေချောင်းများကို ပိုမိုဝယ်ယူ၍ အရန်အဖြစ်သိုလှောင်ခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်သည် ရွှေချောင်းများအား မက်ထရစ်တန်ချိန်ပေါင်း ၁၀၀၀ ကျော်ထက် ပိုမိုများပြားသည့် ပမာဏကိုဝယ်ယူသည့် တတိယမြောက်နှစ် ဖြစ်လာခဲ့သည်ဟု အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

ထို့ပြင် ဗဟိုဘဏ်များ၏ ရွှေချောင်းဝယ်ယူမှု ပမာဏသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း နှစ်ဆမြင့်တက်လာပြီး လာမည့် ၁၂ လအတွင်း ကမ္ဘာပေါ်ရှိ ဗဟိုဘဏ်များအနက် ၈၁ ရာခိုင်နှုန်းသည် ရွှေချောင်းကို အရန်အဖြစ် သိုလှောင်ရန်အတွက် ပိုမိုဝယ်ယူမည်ဟု မျှော်လင့်ထားသည်။

ရွှေချောင်းများကို အရန်အဖြစ် အများဆုံး သိုလှောင်ထားသည့် နိုင်ငံ ၁၀ နိုင်ငံတွင် အမေရိကန်ပြည်ထောင်စုက ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရုရှားနိုင်ငံက နံပါတ် ၅ နေရာနှင့် တရုတ်နိုင်ငံက နံပါတ် ၆ နေရာတို့တွင် ရပ်တည်လျက်ရှိသည်။

ရုရှားဗဟိုဘဏ်က  အရန်အဖြစ် သိုလှောင်ထားသည့် ရွှေချောင်းပမာဏမှာ ၂၃၃၂ ဒသမ ၇၄  မက်ထရစ်တန်ရှိပြီး တရုတ်နိုင်ငံကမူ ၂၂၇၉ ဒသမ ၅၆ မက်ထရစ်တန် ကိုသိုလှောင်ထားသည်ဟု အစီရင်ခံစာတွင် ဆက်လက် ဖော်ပြထားသည်။

Source: https://myawady.net.mm/