ပိတ်ဆို့မှုချမှတ်ရေး မူဝါဒကြောင့် အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးမှုအပေါ် ထိခိုက်စေနိုင်ဟု အမေရိကန်စီးပွားရေး ပညာရှင်ပြော
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပိတ်ဆို့မှုချမှတ်ရေးမူဝါဒကြောင့် အမေရိကန် ဒေါ်လာငွေကြေး၏ လွှမ်းမိုးမှုအပေါ် ထိခိုက်စေနိုင်ကြောင်း အမေရိကန်စီးပွားရေး ပညာရှင် ဘယ်ရီ အိုက်ချင် ဂရစ်က ပြောကြားလိုက်သည်။
အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးမှုသည် ကုန်သွယ်ရေး၊ မဟာမိတ်နိုင်ငံများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများအပေါ် အမှီသဟဲပြုနေခြင်းကြောင့် ပြီးခဲ့သည့်လများအတွင်း ထရမ့်၏ပိတ်ဆို့မှုချမှတ်ရေး မူဝါဒသည် မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးကို လျှော့ပါးစေခဲ့ သို့မဟုတ် ပျက်စီးစေခဲ့ကြောင်း၊ ထို့ကြောင့် နောက်ဆုံးတွင် ဒေါ်လာငွေကြေးသည် ကမ္ဘာပေါ်တွင် ဦးဆောင်နေသည့် ငွေကြေးအဖြစ်မှ ကျဆင်းလာနိုင်ကြောင်း အိုက်ချင်ဂရစ်၏ ပြောကြားချက်ကို ကိုးကား၍ Financial Times သတင်းဌာနကဖော်ပြသည်။
လက်ရှိတွင် ကမ္ဘာ့နိုင်ငံအများအပြားက ကုန်သွယ်မှုပြုလုပ်ရာတွင် ဒေါ်လာငွေကြေးကို အသုံးပြုရန်ငြင်းဆန်လျက်ရှိပြီး အခြားငွေကြေးများအား အသုံးပြုလျက်ရှိသောကြောင့် အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုချမှတ်ရေးမူဝါဒအား ပြန်လည်ပြင်ဆင်ရန် သမ္မတထရမ့်က ညွှန်ကြားခဲ့ရကြောင်း ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က အစောပိုင်းတွင် ထုတ်ပြန်ထားသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားက ကုန်သွယ်မှုလုပ်ဆောင်ရာတွင် ဒေါ်လာငွေကြေးအား အသုံးပြုရန် ငြင်းဆန်လာခြင်းကြောင့် အမေရိကန်အစိုးရအနေဖြင့် အများဆုံးဖိအားပေး ပိတ်ဆို့သည့် နည်းလမ်းကို အသုံးမပြုဘဲ ပယ်ဖျက်သွားမည်ဖြစ်သည်ဟု ဘက်ဆန့်က ဆက်လက် ပြောကြားသည်။
Source: https://myawady.net.mm/