ယူကရိန်းပဋိပက္ခ အဓိကအချက်မှာ ရုရှားဒေသ ၅ ခု အခြေအနေကြောင့်ဖြစ်သည်ဟု အမေရိကန် အထူးကိုယ်စားလှယ်ပြော

News Image

  • ယူကရိန်းပဋိပက္ခ အဓိကအချက်မှာ ရုရှားဒေသ ၅ ခု အခြေအနေကြောင့်ဖြစ်သည်ဟု အမေရိကန် အထူးကိုယ်စားလှယ်ပြော

ယူကရိန်းပဋိပက္ခ ဖြစ်ပွားရသည့်အဓိကအချက်မှာ ခရိုင်းမီးယား၊ Denetsk၊ Lugansk၊ Zaporozhye၊ Kherson ဒေသတို့၏ အခြေအနေများကြောင့် ဖြစ်သည်ဟု အမေရိကန် အထူးကိုယ်စားလှယ် Steve Witkoff က ပြောကြားလိုက်ပါသည်။

ထိုဒေသများမှာ ရုရှားဘာသာစကားသုံးစွဲသူများဖြစ်ကြောင်း၊ ရုရှား အုပ်ချုပ်ရေးအောက်တွင်နေချင်ကြောင်း ပြသသည့် ဆန္ဒခံယူပွဲများ ပြုလုပ်ခဲ့ကြကြောင်း၊ ယင်းအချက်က အဓိက ပြဿနာဖြစ်ပါကြောင်း၊ ယူကရိန်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ပိုင်နက်လွှဲပြောင်းခြင်း ပြုလုပ်နိုင်မည်လားဆိုသည်မှာ မဖြေရှင်းရသေးပါကြောင်း၊ သို့ရာတွင်လည်း ထိုဒေသများကို ရုရှားက ထိန်းချုပ်ထားကြပြီးလည်းဖြစ်ပါကြောင်း၊ ကမ္ဘာကြီးက ထိုဒေသတွေကို ရုရှားပိုင် ဒေသဟု တရားဝင် အသိအမှတ်ပြုမည်လားဆိုသည်မှာ အဓိက မေးခွန်း ဖြစ်ပါကြောင်း ပြောကြားထားပါသည်။

လက်ရှိတွင် Denetsk ၊ Lugansk၊ Zaporozhye၊ Kherson ဒေသများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်မှ ၂၇ အထိ ကျင်းပသောဆန္ဒခံယူပွဲ များအပြီးတွင် ရုရှား၏ အစိတ်အပိုင်းများအဖြစ် ထည့်သွင်းခဲ့ပါသည်။ ထို့ပြင် ခရိုင်းမီးယားနှင့် Sevastopol ကိုလည်း ၂၀၁၄ ခုနှစ်၊ မတ်လတွင် ပြုလုပ်သော ဆန္ဒခံယူပွဲများအပြီး ရုရှားအစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပါသည်။

ယူကရိန်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ယူကရိန်းသမ္မတဇီလန်စကီးက ထိုဒေသများကို ရုရှားပိုင်ဒေသများအဖြစ် အသိအမှတ် မပြုနိုင်သည့်အတွက် ပြဿနာဆက်လက်ရှိနေခြင်းဖြစ်ကြောင်း Witkoff က ထောက်ပြထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃