ရုရှားက ဥရောပကို တိုက်ခိုက်ရန် အစီအစဉ် မရှိသည်မှာ ၁၀၀ ရာခိုင်နှုန်း သေချာကြောင်း ထရမ့် အထူးကိုယ်စားလှယ်ပြော
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ် Steve Witkoff က ရုရှားသည် ဥရောပတစ်လွှားကို စစ်ဆင်နွှဲလာနိုင်သည့် အစီအစဉ် ရှိကြောင်း ပြောဆိုနေမှုသည် လုံးဝ မဖြစ်နိုင်သည့် ရာခိုင်နှုန်းသည် ၁၀၀ ရာခိုင်နှုန်း သေချာကြောင်း အမေရိကန်သတင်းထောက် Tucker Carison ၏ မေးမြန်းချက်ကို ပြတ်ပြတ်သားသား ဖြေကြားသွားပါသည်။
“ထိုသို့ပြောနေကြခြင်းကို မိမိအနေဖြင့် လုံးဝမဖြစ်နိုင်ကြောင်း ပြောကြားလိုပါကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီးမှာတုန်းက မရှိခဲ့သည့် နေတိုး (မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့)ကို မိမိတို့ ခိုင်ခိုင်မာမာ ဖွဲ့စည်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း” အထူးကိုယ်စားလှယ်က ဖြေကြားသွားပါသည်။
ကိုးကား- TASS
Photo: Mehr News Agency
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃
MM-News-Category