ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအတွက် UNGA တွင် မှားယွင်းစွာ မဲပေးခဲ့မိ၍ ပြန်လည်ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဆားဘီးယားပြောကြား
ကုလသမဂ္ဂအထွေထွေညီလာခံ (United Nation General Assembly-UNGA) တွင် ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများက ပိတ်ဆို့မှုချမှတ်ရန် ဆုံးဖြတ်ချက်အတွက် ဆားဘီးယားအနေဖြင့် မှားယွင်းစွာ မဲပေးခဲ့ မိကြောင်း ဆားဘီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် အလက်ဆန်ဒါ ပူလင် က ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုးဂူးနှင့် တွေ့ဆုံချိန် ပြောကြားလိုက်ပါသည်။
“UNGA မှာ ရုရှားအပေါ် ပိတ်ဆို့မှုအတွက် မတော်တဆ မဲမှားယွင်း ပေးမိသွားပါကြောင်း၊ ထိုမှားယွင်းစွာ ပေးမိခဲ့သည့်မဲကို ယခု ရုတ်သိမ်း လိုက်ပြီဖြစ်ပါကြောင်း၊ မိမိတို့(ဆားဘီးယား)အနေဖြင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုတွင် ပါဝင်ခြင်းမရှိသေးကြောင်း၊ ထိုမူဝါဒကို ဆက်လက်လိုက်နာသွားမည် ဖြစ်ပါကြောင်း” ဟု ပူလင်က ပြောကြား ထားပါသည်။
ဆားဘီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် အလက်ဆန်ဒါပူလင်နှင့် ရုရှား လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုးဂူးတို့သည် မတ်လ ၂၂ ရက်တွင် မော်စကို၌ တွေ့ဆုံခဲ့ကြပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃